တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

768 73 0
                                    

Chapter 27
Imperial MeowJuly 20, 2023
Chapter 27

အိမ်​ဆောက်ပြီးသွားပြီ



အဘွားကြီးကျန်းက ယန်ကျင်းထံမှ ​လော​ဆော်ခံလိုက်ရပြီး ချက်ပြုတ်ရန်အတွက် မြန်မြန်​​​ပြေးထွက်သွား​လေတော့သည်။သူမက ထိုအခိုက်၌ အသားလတ်လတ် ဝယ်နိုင်မည့် ​နေရာမရှိ​သော်လည်း အိမ်တွင် ဝက်သားဆားနယ်​ခြောက် အနည်းငယ် ရှိ​နေ​သေးသည်။

မကြာမီပင် အဘွားကြီးကျန်းက ဝက်ဆားနယ်​ခြောက်နှင့် ကြက်ဥ​မွှေ​ကြော် ပန်းကန်တို့ဖြင့် ထွက်လာခဲ့သည်။

​သေချာပေါက်ပင် သူက ကျန်းမိသားစုကို တွန်းအား​​ပေးရန် လို​ပေသည်။ ဝက်ဆားနယ်​ခြောက်နှင့် ကြက်ဥ​မွှေ​ကြော်က အနံ့​မွှေးလှသည်။ ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို တချို့တ​လေ သွား​ပေးချင်ပါ​​သော်လည်း လူတိုင်း၏​​ရှေ့တွင် ထိုသို့ လုပ်၍ မရနိုင်မှန်းလည်း သူသိ​နေသည်။ ​ကျောက်ကျင်း​ကောကို မ​​ပေးနိုင်သဖြင့် ကျန်းကျန့်က အလုတ်ကြီးကြီး တစ်ကိုက်ကိုက်လိုက်သည်။

ယန်ကျင်းက သူ့​​ဘေးတွင် ရပ်ကာ တံ​တွေးမျိုချ​နေ​သော်လည်း ကျန်းကျန့်က ဘာမှမ​ပြောသဖြင့် သူကလည်း စားရန် ပါးစပ်မဖွင့်ရဲ​​ပေ။ သူက ဆာ​လောင်မှု​​ကြောင့် ​မေ့​မျောသွား​​တော့မည်ဟု ခံစား​နေရသည်။

အစိုးရ အရာရှိ တစ်​ယောက် ဖြစ်သည့် ယန်ကျင်းက ထို​နေရာတွင် ရပ်​​နေပြီး စားနိုင်ခြင်း မရှိသည့်အဖြစ်က ရွာသားများကို တုန်လှုပ်သွား​စေပြီး ​ကြောက်ရွံ့စိတ်များ ဖြစ်​ပေါ်သွား​​စေသည်။

ထိုအရာကို သတိပြုမိသည့် ကျန်းကျန့်က ပန်း​ဂေါ်ဖီပြုတ်တစ်ခွက်ကိုယူကာ ယန်ကျင်းကို ​ပေးလိုက်သည်။ "မင်း ဒါစားလိုက်"

ကျန်းကျန့်က သူ့ကို သင့်တင့်​လျောက်ပတ်သည့် အစားအ​သောက် မ​ပေးခဲ့ပါ​သော်လည်း ယန်ကျင်းကမူ ​ပန်း​ဂေါ်ဖီပြုတ်တစ်ခွက်နှင့်ပင် ​ကျေနပ်​နေပြီးသား ဖြစ်သည်။ သူက ဆီမပါဆားမပါ​သော ပန်း​ဂေါ်ဖီပြုတ် ဟင်းခွက်ကိုပင် သူစားဖူးသမျှထဲတွင် အ​ကောင်းဆုံးဟင်းဟု ထင်မိသွားသည်။ သူက အမှန်ပင် ဗိုက်ဆာ​နေခဲ့ခြင်း ဖြစ်သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Место, где живут истории. Откройте их для себя