တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1.2K 154 2
                                    

Chapter 73
Imperial MeowJuly 21, 2023
Chapter 73

မင်္ဂလာဦးည



​နောက်တစ်ရက်တွင် ပစ္စည်းများကို စီရင်စုမြို့သို့ ပို့​ပေးရန် ဆိုင်ရှင်နှင့် အချိန်းအချက် လုပ်ပြီး​နောက် ကျန်းကျန့်က ဆိုင်ရှင်အား မင်္ဂလာပွဲတွင် ဆက်​နေရန် ဖိတ်ကြားလိုက်သည်။

"မရ​တော့ဘူး... လုပ်စရာ​လေး​တွေ ရှိ​သေးလို့ ပြန်သွားမှ ဖြစ်မယ်"​ကြွေထည်ပစ္စည်းဆိုင်ရှင်က ခပ်​လော​လော ​​ပြောလိုက်သည်။ သူက ထိုကိစ္စရပ်ပြီး​နောက် ကျန်းကျန့်အား အနည်းငယ် ​ကြောက်ရွံ့​နေခဲ့သည်။ ပြီး​တော့လည်း ဒီ​လောက် အရှုပ်​အ​ထွေး​တွေကြားမှာ ​သောက်စရာ မင်္ဂလာအရက်​တောင် ကျန်​​သေးလို့လား...

ကျန်းကျန့်က သူ၏ ငြင်းဆန်မှုကို ကြား​သောအခါ ဆက်ပြီး တိုက်တွန်းမ​နေ​တော့ဘဲ အပြင်ကို လိုက်ပို့​ပေးလိုက်သည်။ သူတို့ငှားထား​သော အိုးသူကြီးမှာလည်း ထွက်​ပြေးသွားခဲ့ပြီ ဖြစ်ရာ ​ကျောက်လျူက ကိုယ်တိုင် မီးဖို​ချောင်ဝင်၍ အစားအ​သောက်များ ပြင်ဆင်လိုက်ရသည်။

ထိုအခိုက် ကျန်းကျန့်က ယန်ကျင်းအား သူ့အိမ်​ဟောင်းဆီ ​ခေါ်သွားခဲ့ပြီး ​မေးလိုက်သည်။

"လျူဟိုင်ထုန်ရဲ့ ​နောက်ခံက ဘာလဲ"

"လျူဟိုင်ထုန်က စီရင်စုမြို့က ​​​လောင်းကစားရုံရဲ့ လူမိုက်ပဲ"

ယန်ကျင်းက သူသိသမျှ အရာအားလုံးကို မချွင်းမချန် ​ပြောပြလိုက်ပြီး​နောက် ထပ်​ပြောလိုက်​သေးသည်။

"အဲ့ဒီ ​လောင်းကစားရုံက သွားရှုပ်လို့ ရတဲ့​နေရာ မဟုတ်ဘူး... ခင်ဗျား"

"​လောင်းကစားရုံရဲ့ ပုံစံက ဘယ်လိုလဲ" ကျန်းကျန့်က ​ကောက်​မေးလိုက်သည်။

"ဆိုး​တော့ မဆိုးပါဘူး... ခင်ဗျားသာ ရှိသမျှ အရာ အားလုံး ဆုံးရှုံးသွားရင် ထပ်ပြီး ဝင်ခွင့် ပြု​တော့မှာ မဟုတ်ဘူး... သူတို့က သား​တွေ သမီး​တွေ ​ရောင်းဖို့ တွန်းအားမ​ပေးဘူး"

ယန်ကျင်းက ​ပြောလိုက်သည်။ ​လောင်းကစားရုံ၏ ​နောက်ကွယ်မှ လူက ဂုဏ်သတင်း အချို့ လိုအပ်​နေဆဲ ဖြစ်ရာ ​လောင်းကစားရုံက လွန်လွန်းသည့် ကိစ္စများကို မလုပ်နိုင်​ပေ။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now