တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

831 89 0
                                    

Chapter 20

: ခြိမ်းခြောက်မှုများနှင့် လှန့်လုံးများ

ကျန်းကျန့်သည် ကျန်းချောင်ရှန့်က သူ့ကို နာခံမှုရှိစေအောင် ခြိမ်းခြောက်ရန် တရားရုံးတော် အရာရှိတစ်ဦးနှင့်အတူ ပြန်လာသည်ကို ကောင်းကောင်းသိသည်။

သို့ပေမဲ့ သူနားမထောင်လျှင်၊ ခြိမ်းခြောက်မှုတစ်ခုမျှသာဖြစ်လိမ့်မည် မဟုတ်ပေ။သူတို့က သူ့ကို နည်းနည်းလေးမှ ချစ်ခင်ကြသည် မဟုတ်။ သူ့ကို သားဟုအစ်ကိုဟု လုံးဝ မှတ်ယူခြင်းမရှိကြပေ။သူတို့က သူ့ကိုကျန်းမိသားစုအိမ်အတွက် အလုပ် လုပ်စေချင်ရုံသက်သက်ဖြစ်သည်။ သူအရင်ကလို သူတို့အတွက် အလုပ်လုပ်ရန် ငြင်းဆိုခဲ့မည်ဆိုပါက သူတို့က သူ့ကို တရားစွဲရန် တရားရုံးတော်ဆီ အမှန်တကယ် သွားကြပေလိမ့်မည်။

ပထမဦးစွာ အညံ့ခံပြီး နောက်မှ သူတို့ကို အပြစ်ရှာသည်က သူ့အတွက် အသုံးမဝင်ပေ။ သူသတိမထားလျှင် ဤမိသားစုက သူ့ကိုသတ်နိုင်သည့်အတွက် သူအရင်လက်ဦးမှုယူရလိမ့်မည်။

ဤသို့ တွေးကာ ကျန်းကျန့်က ယန်ကျင်းကို ဆက်လက်ရိုက်နှက်ခဲ့သည်။ သူ့မှာ အချိန်အဆမှန်ကန်သည့်လက်ရှိပြီး ယန်ကျင်းကို ပြင်းပြင်းထန်ထန် မထိခိုက်စေပေမဲ့ သေချာပေါက် နာကျင်စေမှာဖြစ်သည်။

"ငါ့အသက်ကို ချမ်းသာပေးပါ...ချမ်းသာပေးပါ...ကျန်းချောင်ရှန့်က မင်းကို ခြောက်ဖို့ တောင်းဆိုခဲ့လို့ပါ... မင်းကိုဖမ်းဖို့ ငါမရည်ရွယ်ခဲ့ပါဘူး"

ယန်ကျင်းတစ်ယောက် မကြာခင်မှာပဲ ကယ်ပါယူပါအော်လာသည်။

ဟယ်ချောင်စီရင်စုက အမြဲတမ်း အေးချမ်းသာယာနေခဲ့သည်။ဟယ်ချောင်စီရင်စုမြို့မှာ တရားရုံးတော်အရာရှိအဖြစ် အလုပ်လုပ်စဥ်ကာလအတွင် ဓားသုံးရသည်က ရှားပါးသည့်အတွက် သူ၏ကျွမ်းကျင်မှုက သဘာဝအတိုင်းသာမန်ပါပင်။ ယခုအချိန်တွင် သူ ကျန်းကျန့်ကို လုံးဝမအနိုင်ယူနိုင်ခဲ့သောကြောင့် သူ့မှာခွင့်လွတ်ပေးရန် ဆက်လက်တောင်းခံနေရသည်။

ကျန်းကျန့်က တကယ်ကိုရပ်လိုက်သည်။ယင်းက ခွင့်လွတ်မှုကိုတောင်းခံခြင်းကြောင့် မဟုတ်ဘဲ အဘွားကြီးကျန်း ပြန်ထလာသောကြောင့်ဖြစ်လေသည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now