တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

792 78 0
                                    

Chapter 19

ဆက်လက်တိုက်ပွဲဝင်

"အစ်ကိုကြီး..."

ကျန်းကျန့် ငါးတစ်ကောင်သယ်လာသည်ကိုမြင်သောအခါ ကျန်းချောင်ရှန့်  သူ့မျက်နှာမှာ အံ့သြမှုတစ်ခု ပေါ်လာပြီး

မသေချာမရေရာ အော်ခေါ်လိုက်သည်။

သူ့လက်ထပ်ပွဲပြီး ဒုတိယနေ့မှာ ကျန်းကျန့် စိတ်လွတ်ထွက်သွားသည်ကို တွေ့ခဲ့ရပေမဲ့ သူသိပ်အလေးအနက်မထားခဲ့ပါခေ ယခုမူကား...သူ့အစ်ကိုအကြီးဆုံးက တခြားလူတစ်ယောက်လိုမျိုးဖြစ်နေသည်။

ကျန်းချောင်ရှန့်တစ်ယောက် ကျန်းကျန့်ကို မြင်မြင်ချင်း အံ့အားသင့်သွားပြီး ဒုတိယတစ်ခါအကြည့်တွင် သူ့အစ်ကိုအကြီးဆုံးက သူ့အဝတ်အစားဝတ်ထားသည်ကို မြင်လိုက်ရသောအခါ  ရွံရှာသွားသည်။

သူ့အစ်ကိုအကြီးဆုံးက သူ့အိမ်ကိုပြောင်းသွားပြီဟု သားသတ်သမားကျန်းဆီက ကြားသိခဲ့ရပေမဲ့ ထိုလူက သူ့အဝတ်အစားဝတ်လိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ကျန်းချောင်ရှန့်က သူ့ပစ္စည်းများကို အခြားသူများ ထိတွေ့ကိုင်တွယ်သည်ကို မကြိုက်ပေ။ခဏတာမျှအတွင်းမှာ သူ ကျန်းကျန့်နှင့်ပတ်သက်ပြီး မနှစ်မြို့ဖြစ်သွားသည်။

"ချောင်ရှန့်... ဒါက မင်းအစ်ကိုကြီးလား"

ကျန်းချောင်ရှန့်  ခေါ်ဆောင်လာသည့်လူက ကျန်းကျန့်ကို ပြုံးပြီး ကြည့်နေတသည်။

အနှီလူ၏အမည်မှာ ယန်ကျင်းဖြစ်ပြီး၊ သူသည် အမှန်တကယ်ပင် ရုံးတော် အရာရှိတစ်ဦးဖြစ်သည်။

ဟယ့်ချန်စီရင်စုရှိ ရုံးတော်အရာရှိ၏ရာထူးကို အခြေခံအားဖြင့် မျိုးဆက်တစ်ခုမှတစ်ခုသို့ အဖေဖြစ်သူကနေ သားဖြစ်သူဆီ လွှဲပြောင်းပေးလေ့ရှိသည်။ဤအလုပ်ကြောင့် ဆီဖြစ်စေ ရေဖြစ်စေ အလွယ်တကူ ရနိုင်လေသည်။ ထို့ကြောင့် ရုံးတော် အရာရှိများသည် ယေဘုယျအားဖြင့် ကောင်းမွန်သောဘဝရှိကြပြီး ၎င်းတို့သည် မျိုးဆက်ပေါင်းများစွာ ဆက်လက်၍ ချမ်းသာကြွယ်ဝလာကြသည်။

သို့ပေမဲ့  အနှီယန်ကျင်းက မတူပေ သူက လောင်းကစားကို ကြိုက်နှစ်သက်သည်။သူက အမြဲ သူ့ပိုက်ဆံတွေ အကုန်ရှုံးတတ်ပြီး ဆိုးရွားသည့်ဘဝမှာနေနေရသည်။ထို့အတွက်ကြောင့် ကျန်းချောင်ရှန့်က လူအချို့ကို ခြောက်လှန့်ကူညီရန် တောင်းသောအခါတွင် သူသည် အပိုငွေအနည်းငယ်ရှာရန် ဆန္ဒရှိခဲ့သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now