တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

780 87 0
                                    

Chapter 32
Imperial MeowJuly 20, 2023
Chapter 32

ဘဲ​ပေါက်လေး ငါး​​ကောင်



အဘွားကြီးကျန်းက မူလကတည်းက အကြီးဆုံးကျန်းကို မနှစ်သက်ခဲ့သဖြင့် သဘာဝကျကျပင် သူ့ကို ယုံကြည်​​ပေးခဲ့သည်။ ကျန်း​ချောင်ရှန့်က များစွာ ဒုက္ခခံခဲ့ရသည်ဟု ခံစားရသဖြင့် သူ့အ​ပေါ် ပိုပို၍ ​ကောင်း​ပေးလာခဲ့သည်။ ​နောက်ပိုင်းတွင် ကျန်း​ချောင်ရှန့် အခွင့်အ​ရေး တစ်ခု ရလာခဲ့​သောအခါ သူမ၏ နှလုံးသားထဲတွင် ကျန်း​ချောင်ဝမ်ကို ​ကျော်၍ ​နေရာယူသွားနိုင်ခဲ့​လေသည်။

အကြီးဆုံးကျန်း အတွက်က​ရော... ကျန်း​ချောင်ရှန့် အဘွားကြီးကျန်းကို ငိုယိုတိုင်တန်းသည့် အချိန်တိုင်း သူအရိုက်ခံခဲ့ရသည်။ အဆုံးတွင် သူတို့က ရွာတဝိုက်တွင် ​ပြေးလွှား​နေခဲ့သည့် က​လေး တစ်​ယောက်၏ ဘဝကို ရိုက်ချခဲ့ကြ​လေသည်။ သူက ​မြေ​ပေါ်အထိ ရိုက်ချခံခဲ့ရသည်။

မူလ အကြီးဆုံးကျန်းမှာ ဦး​နှောက်​ဆေးခံထားခဲ့ရသည်။ သူက ဝမ်းနည်း အားငယ် ​နေခဲ့ရ​သော်လည်း သူကိုယ်တိုင်က လုံလုံ​လောက်​လောက် မ​ကောင်းမွန်သည့်အတွက် မည်သူကမှ သူ့ကို မကြိုက်ကြဟု ခံစား​ရသဖြင့် သူခံစားရသမျှကို တိတ်တဆိတ်ဖြင့် ကြံ့ကြံ့ခံနိုင်ရုံသာ တတ်နိုင်​လေ​တော့သည်။ သူက ကျန်း​ချောင်ရှန့်ကိုပင် အပြစ်မတင်ခဲ့​​ပေ။ ​​နောက်ပိုင်းတွင် သူက အငယ်ဆုံး ညီမကို ​စောင့်​ရှောက်​ပေးချိန်တွင် ​ကောင်း​ကောင်း လုပ်​ဆောင်​ပေးခဲ့ပြီး ပိုပို၍ တိတ်ဆိတ်လာခဲ့​လေ​တော့သည်။

သို့​​သော်လည်း ကျန်းကျန့် သူ့မှတ်ဥာဏ်များကို ​ပြန်ကြည့်လိုက်ချိန်တွင် ကျန်း​​​ချောင်ရှန့်ကို ပို၍ ရွံရှာ​လာရသည်။ အထူးသဖြင့်...

မတိုင်မီက အကြီးဆုံးကျန်း တဲအိမ်ပျက်​လေးအတွင်း အဖျားဝင်ပြီး အဆာလွန်၍ ​သေသွားရချိန်တွင် အဘွားကြီးကျန်း၏ အမိန့်​ကြောင့် ဖြစ်​​သော်လည်း ကျန်း​ချာင်ဝမ် လှည်းကို တွန်းသွားရသည့် အဓိက အ​ကြောင်းအရင်းမှာ ကျန်း​ချောင်ရှန့် ​ပြောခဲ့သည့် "ကျွန်​တော်က မကြာခင် လက်ထပ်ရ​တော့မှာ... ဖျား​နေတဲ့လူနဲ့ တစ်အိမ်တည်းမှာ ​နေရတာ နည်းနည်း ကံဆိုး​စေနိုင်တယ်​လေ" ဟူ​သော စကား​ကြောင့်သာ ဖြစ်သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now