တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

789 73 0
                                    

Chapter 23

စတော့ဟုမ်း ရောဂါလက္ခဏာ

ကျန်းကျန့်ထံမှ မျက်နှာပေါ်တွင် ဓါးဖြင့် ဆွဲခြစ်ခံလိုက်ရသော ယန်ကျင်းမှာ သူ့မျက်နှာတစ်ခုလုံး သွေးလွှမ်းသွားခဲ့လေပြီး အလွန်အမင်း သနားစရာ ကောင်းသွားကာ လူတိုင်းကို ကျန်းကျန့်၏ စကားလုံးများအား ယုံကြည်သွားစေသည်။

ဒီဂြိုလ်ဆိုးကောင်က လူ့အသားကို တကယ်ကြီး ဖြတ်ပစ်တယ်...

"အကြီးဆုံးအစ်ကို... အစ်ကို့အတွက် အိမ်ဆောက်ပေးပါ့မယ်... ပြောစရာရှိရင် ပြောသာပြောပါ... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"

ကျန်းချောင်ရှန့်က အလောတကြီး ပြောလိုက်ပြီးနောက် နောင်တအကြီးအကျယ် ရသွားလေသည်။ သူ့အစ်ကိုကြီးသာ ထိုကဲ့သို့သော လူတစ်ယောက် ဖြစ်ကြောင်း သိခဲ့ပါက သူ့ကို ဆန့်ကျင်ခဲ့မည် မဟုတ်ပေ။

"ကောင်းကောင်း ပြောစေချင်ရင် မြန်မြန် လှုပ်ရှားတော့လေ"

ကျန်းကျန့်က အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

"စကားမစပ်... အိမ်ထောင်စု မှတ်ပုံတင်က ငါတစ်ယောက်တည်းအတွက်ပဲ လုပ်ထားနော်... မင်းတို့ မိသားစုနဲ့ ဘာဆက်ဆံရေးမှ မရှိချင်ဘူး"

ကျန်းကျန့်၏ ထိုးဖောက်မတတ် ဖြစ်နေသော အသွင်အပြင်ကို တွေ့လိုက်ရသောအခါ ကျန်းချောင်ရှန့်က မသိလိုက်မသိဘာသာဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်မိသွားသည်။

ကျန်းကျန့်က သူ၏ ခွေးနှင့် တူနေသော ပုံစံကို ကြည့်ကာ စိတ်ကောင်းဝင်သွားသည်။ သို့သော်လည်း သူမော့ကြည့်လိုက်သည့်အချိန်တွင် အပြင်ဘက်ရှိ လူအုပ်ထဲမှ သူ့ကို ကြည့်နေသော ကျောက်ကျင်းကောကို မထင်မှတ်ဘဲ တွေ့လိုက်ရလေသည်။

ကျန်းကျန့်: “. . .”

သူ့ကျင်းကောလေးကို သူက အမှန်တကယ်တွင် လွန်စွာ ကျိုးကြောင်းညီသူ ဖြစ်ကြောင်း ပြောပြရပေတော့မည်။ နောက်ကျလွန်းသွားပြီလား...

ကျန်းကျန့်က အနည်းငယ် စိတ်ပူသွားသော်လည်း မကြာမီမှာပင် သူ့နှလုံးသားက ငြိမ်ကျသွားခဲ့လေသည်။ ကျောက်ကျင်းကောက မနှစ်မြို့ခြင်း သို့မဟုတ် မုန်းတီးမှု အရိပ်အယောင် တစ်ခုမှ ရှိမနေဘဲ သူ့ကို စိုးရိမ်စွာ ကြည့်နေခဲ့သည်။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now