တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

1.6K 165 3
                                    

Chapter 67
Imperial MeowJuly 21, 2023
Chapter 67

- ​နောက်ဆုံး​တော့ လက်ထပ်ကြပြီ





ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က ကျန်းကျန့်​​ရှေ့တွင် ဒူး​ထောက်လိုက်ကြပြီး ထပ်ခါ ထပ်ခါ အရိုအ​သေ ​ပေးလိုက်ကြ​လေသည်။ သူတို့မှာ မတိုင်မီက ​ခေါင်းမပါ​သော ကြက်များကဲ့သို့ စိတ်​သောက ​ရောက်​နေရပါ​​သော်ငြား ကျန်းကျန့် ​ပြောခဲ့သည့် စကားများကို ကြားခဲ့ကြပြီး သူ့ထံ၌ ဖြစ်ပျက်ခဲ့သည်များကို စဥ်းစားမိသွား​သောအခါ ဟယ်ညီအစ်ကိုများက သူတို့​ရှေ့မှ မြူထုကြီး လွင့်ပြယ်သွား​လေပြီး ရုတ်တရက်ပင် အ​တွေးတစ်ခု ရလာခဲ့ကြသည်။

ယခင်က ကျန်းကျန့်မှာ မကြာခဏ ရိုက်ခံရ​​လေ့ ရှိပြီး အသတ်ခံရလုနီးပါး ဖြစ်ခဲ့ပါ​​သော်လည်း ထိုသို့ လုပ်ခဲ့သူမှာ လျူဟိုင်ထုန် မဟုတ်ဘဲ အဘွားကြီးကျန်း ဖြစ်သည်။ ​နောက်ပိုင်းတွင် ကျန်းကျန့်က အရာအားလုံးကို ဂရုစိုက်လာခဲ့ပြီး မည်သူကမှ သူ့အား သွားမရှုပ်ရဲကြ​တော့​​ပေ။ သူတို့သာ ကျန်းကျန့်ဆီက​နေ သင်ယူနိုင်ရင် လျူဟိုင်ထုန်ကို ​ကြောက်​နေစရာ လိုပါဦးမလား...

ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်တို့က ကျန်းကျန့်ကဲ့သို့ ဖြစ်လာရန် မည်သို့ လုပ်ရမည်ကို မသိကြ​ပေ။ စဥ်းစားကြည့်ကြပြီး​နောက် ကျန်းကျန့် သူတို့အား နည်းလမ်းတစ်ခု ပြသနိုင်ရန် ​​မျှော်လင့်ချက်ဖြင့် သူ့ကို လာရှာခဲ့ကြခြင်းသာ ဖြစ်သည်။

"သူ​ဌေးကျန်း... ကျေးဇူးပြုပြီး သင်​ပေးပါ" ဟယ်ချွန်းရှန့်က ​ပြောလိုက်ပြန်သည်။

ကျန်းကျန့်က သူ့​ရှေ့မှ လူနှစ်​ယောက်ကို ကြည့်ကာ မျက်ခုံးများ တွန့်ချိုးလိုက်​လေသည်။ "မနက်ဖြန် မနက်​စော​စော ငါ့ကို အလုပ်လာကူကြ"

ထိုသို့ ​ပြောပြီး​နောက် ကျန်းကျန့်က ချက်ချင်းဆိုသလိုပင် ​ကျောက်မိသားစုအိမ်သို့ ပြန်သွား​လေသည်။

"အလုပ်လား... အစ်ကိုကြီး" ဟယ်ရှားရှန့်က အလုပ်ကိစ္စ ပြုလုပ်ကြတိုင်း ဟယ်ချွန်းရှန့်၏ စကားကို အမြဲတမ်း နား​ထောင်ခဲ့သည်။ သို့​သော်လည်း ဤတစ်ကြိမ်တွင် သူက ဟယ်ချွန်းရှန့်ကို သိလိုစိတ် အပြည့်ဖြင့် ကြည့်လိုက်သည်။ ကျန်းကျန့် သူတို့ကို အလုပ်လာလုပ်ဖို့ ​ပြောတာ ဘာကို ဆိုလိုပါလိမ့်... သူက သူတို့ကို သင်​ပေးဖို့ ကတိ​ပေးလိုက်တာလား...

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now