တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

968 123 0
                                    

Chapter 71
Imperial MeowJuly 21, 2023
Chapter 71

ရန်ပွဲ ဆက်ဖြစ်သွား​​​​သောအခါ





ထိုကဲ့သို့​သော လက်နက်များမှာ လျူတချန့်အတွက် အထူး အသုံးဝင်ပါ​သော်လည်း အ​တွေ့အကြုံ ရှိသူများနှင့် တိုက်ခိုက်ရာ၌ မသင့်​တော်လှ​ပေ။ ထိုလက်နက်များမှာ ဝန်​လေး လွန်းလှပြီး ​မောပန်းရသည်။

လျူဟိုင်ထုန်က မည်သူ့ကိုမှ မသတ်ချင်ခဲ့​ပေ။ သူ ​ခေါ်လာသူများမှာ ဓါးများ မသုံးကြဘဲ ကျန်းကျန့်သည်လည်း ချွန်ထက်သည့် မည်သည့် လက်နက်ကိုမှ အသုံးမပြုခဲ့​ပေ။ နှစ်ဖက်လုံးက လက်ချည်းသက်သက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။

ထိုလူများမှာ အ​တိုက်အခိုက် အလွန်​​​တော်ကြသဖြင့် တစ်​ယောက်​ယောက်၏ အားနည်းချက်ကို ရှာ​ဖွေရန် ခက်ခဲ​နေ​ပေသည်။ သို့​သော်ငြား ကျန်းကျန့်က အခြားလူများ၏ အားနည်းချက်ကို ရှာရာ၌ အလွန် ကျွမ်းကျင်သူ ဖြစ်​နေခဲ့သည်။

ကျန်းကျန့်က ချက်၏ ​အောက်မှ သုံးလက်မ​နေရာကို ကန်လိုက်​​သောအခါ သူ့ကို တိုက်ခိုက်​နေသူများထဲမှ တစ်​ယောက်က ချက်ချင်းပင် ​မြေ​ပေါ်သို့ လဲကျသွားခဲ့​လေသည်။ တစ်​ယောက်​ကို ရှင်းပြီး​နောက် ​နောက်တစ်​ယောက်နှင့် ရင်ဆိုင်ရန် လွယ်ကူသွား​လေပြီ။

"ကျန်းကျန့်... မင်းလုပ်ရဲလား"

လျူဟိုင်ထုန်က ကျန်းကျန့်အား မဲ​မှောင်​နေ​သော မျက်နှာဖြင့် ကြည့်လိုက်သည်။ထိုလူမှာ သူ့ကို ဆန့်ကျင်၍ တိုက်ခိုက်ရဲမည် မဟုတ်ဟု သူ​တွေးထားခဲ့သည်။ ဟယ်ချွန်းရှန့်နဲ့ ဟယ်ရှားရှန့်တို့​ရောပဲ... ဒီလူ​တွေ... သူတို့က နည်းနည်း​လောက် ​ခြောက်လိုက်တာနဲ့ တုန်​နေ​​​အောင် ​ကြောက်တတ်ကြတဲ့သူ​တွေ​လေ... ဒါ​ပေမယ့် အခု​တော့ ဘာလို့ ဒီလို လုပ်ရဲ​နေကြတာလဲ...

"မင်း​ရောပဲ​လေ" ကျန်းကျန့်က အသက်​ဖြေး​ဖြေးရှုကာ ​ပြောလိုက်ပြီး လျူဟိုင်ထုန်ထံ တည့်တည့်​လျှောက်သွားလိုက်သည်။

"ကျန်းကျန့်... မင်းမ​ကြောက်..."

လျူဟိုင်ထုန်က ကျန်းကျန့်နှင့် စကား​ကောင်း​ကောင်း ​ပြောချင်ခဲ့သည်။ ကျန်းကျန့်သာ သူ့ကို ဆန့်ကျင်သည့် အကျိုးဆက်များကို သိသွားခဲ့ပါက ထိုသူ့အား သိမ်းသွင်းနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့​သော်လည်း... ကျန်းကျန့်က သူနှင့် လုံးဝ စကား​ပြောချင်စိတ် ရှိမ​နေခဲ့ပါ​ပေ။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now