တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)

966 102 0
                                    

Chapter 16

ဝပြီးကျန်းမာ

ကျန်းကျန့်က မြွေသားဟင်းဝါးကျည်တောက်နှစ်ခုယူလာပေမဲ့ ကျောက်ကျင်းကောကို တစ်ခုမှချက်ချင်းမပေးလိုက်ပါချေ။

သူ အခုကျောက်ကျင်းကောကို ဝါးကျည်တောက်တစ်ခုပေးလိုက်ပါက သူတို့နှစ်ဦးက ဝါးကျည်တောက်တစ်ခုစီကိုင်ကာ တိတ်ဆိတ်စွာစားနေရပေလိမ့်မည်။ထိုသို့ဆိုလျှင် အဘယ်သို့ ခံစားချက်တွေတိုးပွားလာလိမ့်မည်နည်း။

ကျောက်ကျင်းကောနှင့်အတူတူ သူတို့မနေကထိုင်ခဲ့သည့်နေရာမှာပဲ ထိုင်ချလိုက်ကြသည်။ကျန်းကျန့်က ဝါးကျည်တောက်တစ်ခုကိုဖွင့်ကာ တူတစ်စုံထုတ်၍ ကျောက်ကျင်းကောကို မြွေသားတစ်ဖတ်ကျွေးလိုက်သည်။

ယနေ့ ကျန်းကျန့်က ဖယောင်းတိုင်မီးထွန်းမထားခဲ့ပါချေ။ပတ်ဝန်းကျင်က ယခင်ထက်များစွာပိုမှောင်နေသော်လည်း ကျောက်ကျင်းကော သူ့ဘေးမှာရှိသည့်လူကိုရှင်းရှင်းလင်းလင်းခံစားနိုင်၏။

"ဒီအသားကို ကိုယ်ချက်ထားတာ...စားကြည့်"

ကျန်းကျန့်၏အသံထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် အသားတစ်ဖတ်က ကျောက်ကျင်းကော၏ပါးစပ်နားရောက်ရှိလာသည်။

မြွေသား၏အနံ့က အတော်လေးဆွဲဆောင်မှုရှိပေမဲ့ ကျောက်ကျင်းကော ခုခံနိုင်သည့်အတိုင်းအတာအတွင်းမှာရှိနေဆဲဲဖြစ်သည်။သည်မတိုင်ခင်က ဟယ်ချိုးရှန့်သည် ကျန်းကျန့်ဆီက မြွေတောင်းခဲ့သော်လည်း ကျန်းကျန့်က သူစားရန်မပေးခဲ့သည့် အကြောင်း သူ ပြန်တွေးမိလိုက်သည်။ရုတ်ချည်း သူမြွေသားကိုစားရန်မစောင့်နိုင်ဖြစ်သွားသည်။

ကျောက်ကျင်းကော ပါးစပ်ဖွင့်ပြီးမြွေသားကိုစားလိုက်၏။ထို့နောက် ကျန်းကျန့်က သူ့ဘာသူတစ်ဖတ်စားလိုက်သည်ကို သူမြင်လိုက်ရသည်။

မြွေသားကအတော်လေးမာသည်။ကျောက်ကျင်းကော ခဏလောက်ဝါးပြီးနောက် လက်ဖြင့်အထဲကအရိုးကိုဖယ်လိုက်သည်။ထို့နောက်သူ ရှက်သွားသလိုခံစားလိုက်ရ၏။

ကျောက်တဟူ၏ကလေးများကို သူတို့လက်ဖြင့်စားခွင့်မပေးထားပါချေ။

တစ်ဦးတည်းသောချစ်ဇနီး(ကျန်း​ကျန့်)Where stories live. Discover now