Chapter - 1

1.7K 106 3
                                    

Chapter ● 1 ●

အားကစားလေ့ကျင့်ရေးကွင်းပြင်ထဲတွင် လေက ပြင်းထန်စွာ တိုက်ခတ်နေသည်။ လေပြင်းလွန်း၍ နားလည်ရခက်သော သဲမှုန်များ၊ မြက်ပင်များက ကွင်းပြင်ထဲတွင်ရှိနေသောလူ၏ကိုယ်ပေါ်သို့ တရစပ် လာရောက်ရိုက်ခတ်နေသည်။

ပျန်းနမ်သည် ဆောင်းထားသောဦးထုပ်ကို နှာခေါင်းနားအထိ ကွယ်သွားအောင် ဆွဲချလိုက်ပြီဖြစ်ကာ အင်္ကျီကော်လာကိုလည်း အပေါ်ဆုံးအထိ ဆွဲတင်လိုက်ပြီဖြစ်သည်။ သို့တိုင်အောင် မျက်လုံးများ ဖွင့်၍မရတော့လောက်အောင် အမှုန်အမွှားများက ရိုက်ခတ်နေဆဲပင်။ သဲမှုန်အကြေများက သွားများကြားတွင် ခိုးလိုးခုလုဖြစ်နေသည်ကိုတောင် ပါးစပ်ထဲတွင် ခံစားရမိနိုင်သည်။

"ငါ့လခွမ်း ဒီနေ့လည်း ... ... မီးခိုးမြူထပြန်ပြီ"

နောက်မှ ဝမ့်ဖေးက မြေကြီးပေါ်သို့ တံတွေးထွေးထုတ်ရင်း ဟောဟဲလိုက်ကာ ဆဲဆိုလိုက်ခြင်းဖြစ်သည်။

ပျန်းနမ်က ကျွတ်ခနဲ စုတ်သပ်လိုက်ရင်း :

"မင်းဘိုးအေကို မီးခိုမြူနေလိုက်။ ဒါက သဲမုန်တိုင်းလို့ခေါ်တယ်။ ကောင်းကင်တစ်ခုလုံး PM25 ဖြစ်နေတာ၊ မြင်လား။ ပျစ်သွားအောင် ပြောင်းဖူးမှုန့်နည်းနည်းထည့်လိုက်ရင် ချဉ်စပ်ဟင်းရည်တစ်အိုးဖြစ်တော့မှာ"

"လခွမ်း၊ ဘော်လီဘောအတန်းက စောက်ရူးတွေအုပ်စုကျတော့ ဘာဖြစ်လို့ ကွင်းပတ်ပြေးတဲ့ပြစ်ဒဏ် အပေးမခံရတာလဲ"

ဝမ့်ဖေးက ခေါင်းလှည့်ကြည့်လိုက်သည်နှင့် အားကစားကွင်းဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး သူတို့ပြစ်ဒဏ်ခံနေရသည်ကို အားပါးတရ ပွဲကြည့်နေကြသော လူအုပ်စုကို တွေ့လိုက်ရသည်။

"ဘာလို့လဲဆိုတော့ အဲဒီစောက်ရူးတွေ ကျောင်းအုတ်တံတိုင်းကျော်တော့ အဖမ်းမခံလိုက်ရလို့လေ"

ပျန်းနမ်က ကိုယ်ကိုလှည့်လိုက်ပြီး ခြေလှမ်းအနည်းငယ်ခန့် နောက်ပြန်အနေအထားဖြင့် ပြေးလိုက်ကာ ဝမ့်ဖေး၏ဦးခေါင်းဆီသို့ လက်ဆန့်ထုတ်ပြီး ရိုက်လိုက်သည်။

"မင်းလေ၊ ခြေထောက်သေးသေးအဘွားကြီးအိုလိုပဲ၊ အုတ်တံတိုင်းလေး ကျော်တာကို နှစ်ပေါင်းနှစ်ရာကျော်ကြာတာတောင် မကျော်နိုင်ဘူး။ ငါတို့နှစ်ကောင်စလုံးက ဟိုစောက်ရူးတွေလောက်တောင် အဖြစ်မရှိဘူး"

《Wolf pair》- ဘာသာပြန်Where stories live. Discover now