Chapter ● 9 ●
ပျန်းနမ်က ဝမ့်ဖေးအား လောင်ကျန်၏အံစာတုံးကားထဲသို့ ဆွဲသွင်းသွားပြီး ကား၏နောက်ဆုံးခုံတန်းထဲသို့ သွတ်ထည့်လိုက်သည်။ မျက်နှာထားက မှုန်တေစူပုပ်နေပြီး အသံလည်းတိတ်နေသည့်ဝမ့်ဖေး၏ပုံစံမှာ အကြွေးသွားတောင်းရာတွင် မအောင်မြင်ခဲ့သည့်အပြင် အကြွေးတင်သူဆီကပါ အရိုက်ခံလိုက်ရသည့် ကံဆိုးရှာသည့်ကြွေးရှင်နှင့်တောင် တူနေတော့သည်။
အခြားသောအဖွဲ့ဝင်များကလည်း များများစားစား မေးမြန်းမနေတော့ဘဲ ရှေ့တွင် စကားစမြည်ပြောနေကြ၏။ ယနေ့ပြိုင်ပွဲတွင် ဝမ့်ဖေးက အနိုင်ရသွားသော်လည်း အလွန်ခဲယဉ်းပင်ပန်းစွာရိုက်ခဲ့ပြီးမှ အနိုင်ရခဲ့သဖြင့် စိတ်မကျေမနပ်ဖြစ်နေသည်မှာလည်း ပုံမှန်ပင်ဖြစ်သည်။
"ခဏနေကျရင် ထမင်းအတူတူသွားစားရအောင်"
လီတန်းက ရှေ့တစ်တန်းတွင်ထိုင်နေပြီး ပျန်းနမ်ကို နောက်လှည့်ကြည့်လာရင်းဆို၏။
ပျန်းနမ်က ဝမ့်ဖေးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ -
"မစားတော့ဘူး"
"အဲဒီလောက်ဖြစ်ဖို့ လိုလို့လား"
လီတန်းက ရယ်ရင်းလက်ဆန့်ထုတ်လာပြီး ဝမ့်ဖေးမျက်စိရှေ့တွင် လက်ဖျောက်တစ်ချက်တီးလိုက်ကာ ဆက်၍ -
"နိုင်သွားရင် ရပြီပေါ့။ အဲဒီလောက်အများကြီး စဉ်းစားနေရတယ်လို့"
"ငါ့ကို လာမရှုပ်နဲ့"
ဝမ့်ဖေးက သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်ရင်း ဆိုလိုက်သည်။
"အမယ်လေး"
လီတန်းလည်း မျက်လုံးပြူးကျယ်လိုက်ပြီး -
"ဝမ့်ဖေး၊ နင်ရောင့်တက်မလာနဲ့။ ဒီဖွားအေက ဒီနေ့စိတ်တိုနေလို့ လူရှာပြီး ဒေါသတွေပုံမချရသေးဘူး။ ယုံလားမယုံဘူးလား၊ ငါ့ဘက်တံတစ်ချက်စာနဲ့ နင့်ကို ကားအပြင်မှာ ချိတ်သွားအောင် ဗျင်းထည့်ပစ်မယ်"
ဝမ့်ဖေးက လီတန်းကိုကြည့်နေပြီး တစ်အောင့်ခန့်တိတ်ဆိတ်နေပြီးမှ အူမြူးသွားကာ -
YOU ARE READING
《Wolf pair》- ဘာသာပြန်
Teen FictionLang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe