Chapter - 24

325 53 2
                                    

Chapter ● 24 ●

"ဟိုဟာလေ ..."

ပျန်းနမ်က ချိုးယိ အသံတိတ်နေသည်ကို ကြည့်ရင်း ရုတ်ခြည်းပင် ကသိကအောက်ဖြစ်လာကာ -

"ငါ တခြားသဘော မပါဘူး။ ငါ့ဆီမှာလည်း အများကြီး ရှိနေတာမဟုတ်ဘူး။ ငါက ......"

"ကျေးဇူးပါ။ တကယ် ကျေးဇူးတင်ပါတယ်"

ချိုးယိက သူ့စကားကို ဖြတ်ပြောလိုက်သည်။

"ဒီလောက်ကြီး အားနာဖို့မလိုပါဘူးကွာ"

ပျန်းနမ်သည် သူ့ဆံပင်ကိုသူ ဆုပ်ကိုင်ပြီး ဖွလိုက်သည်။ အတော်ကြာအောင်စောင့်ဆိုင်းပြီးနောက် ချိုးယိလည်း အသံမထွက်သောကြောင့် သူ နောက်တစ်ခွန်း ထပ်မေးရပြန်သည်။

"ကျေးဇူးတင်ပြီးတော့ရော။ မင်းက ယူမှာလား မယူဘူးလား"

ချိုးယိ ရယ်လိုက်ပြီး ရေခွက်ယူကိုင်ကာ ရေတစ်ငုံသောက်လိုက်ပြီးနောက် -

"မလိုတော့ဘူး။ ဒါပေမဲ့ မင်းကို တကယ်ကြီး ကျေးဇူးအရမ်းတင်တယ်"

"မလိုဘဲနဲ့ ဘာတွေ ကျေးဇူးတင်နေသေးတာလဲ"

ပျန်းနမ်က ရေခွက်လှမ်းယူလိုက်ပြီး သူ့အတွက်သူလည်း ရေနွေးကြမ်းတစ်ခွက် ငှဲ့လိုက်သည်။ သူ့ခေါင်းမှာ အနည်းငယ်မူးဝေနေဆဲပင်။ တစ်ဝက်ခန့်သော ရေနွေးကြမ်းမှာ စားပွဲပေါ်သို့ ဖိတ်စဥ်သွားသည်။

"ငါက စိတ်ပူလို့။ သူတို့တွေ ဒီလို လာထပ်လုပ်ရင် ဘယ်လိုလုပ်မလဲ။ လာတဲ့အခေါက်တိုင်း ဒုစရိုက်သမားတွေ တစ်ချိန်တည်းမှာ အကြွေးလာတောင်းဖို့ကလည်း မဖြစ်နိုင်ဘူးလေ"

"အကြွေးတင်လို့ အကြွေးဆပ်ရတယ်ဆိုတာက ထုံးစံပါပဲ"

ချိုးယိသည် ခွက်ထဲရှိ ရေနွေကြမ်းကို ကြည့်နေရင်း -

"သူတို့လည်း အမြဲတမ်း ဒီလိုလုပ်နေတာမဟုတ်ပါဘူး။ အဆုံးမှာတော့ ဆွေမျိုးတွေဖြစ်နေသေးတာလေ"

"ဒီပုံစံကြီးနဲ့ ဆွေမျိုးတွေဆိုပြီး လာလုပ်နေသေးတယ်"

ပျန်းနမ်က အသံကို ဖိနှိမ့်ထားလျက် ရေချိုးခန်းရှိရာဆီ ခေါင်းလှည့်ကြည့်သည်။ ချိုးယန့်မှာ ရေချိုးခန်းထဲတွင် သီချင်းဆိုရင်း ရေချိုးနေဆဲပင်။ သူ ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး -

《Wolf pair》- ဘာသာပြန်Where stories live. Discover now