Chapter - 77

570 120 14
                                    

Chapter ● 77 ●

ပျန်းနမ် ဤကဲ့သို့ မြေကြီးပေါ် ဒူးထောက်လျက်သားဖြင့် မျက်ဝန်းတွေကို ချိုးယိ၏ပခုံးပေါ် အပ်လျက် မိနစ်အနည်းငယ် ငိုကြွေးနေခဲ့သည်။ ချိုးယိလည်း တုပ်တုပ်မလှုပ်ဘဲ ငြိမ်ပေးနေခဲ့သလို စကားလည်း မပြောချေ။ လက်ကသာ သူ့ပခုံးကို ခပ်ဖွဖွပုတ်ပေးနေသည်။

"ဟမ်း ..."

ပျန်းနမ်တစ်ယောက် ငို၍ဝသွားသည့်အချိန်တွင် ရင်ဝ၌ ဆို့တစ်ပိတ်ကျပ်နေသောခံစားချက်တို့လည်း များစွာ လျော့ပါးသက်သာသွားခဲ့သည်။ သူသည် မျက်နှာကို နှစ်ချက်လောက် ဖြစ်သလို ပွတ်သပ်လိုက်ပြီး အံကြိတ်၍ ဒူးခေါင်းကို အားပြုထောက်ကာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ရင်း -

"ဒူးထောက်လိုက်တာ နာတာရှည်ဒူးနာရောဂါတောင် ရတော့မယ်"

"မင့်ဟာက ဒူးထောက်လို့ မဟုတ်ပါဘူး။ တစ်ညလုံး လေတိုက်ခံထားလို့ ဖြစ်တာနေမှာ"

ချိုးယိလည်း မတ်တတ်ရပ်လိုက်ပြီး ရယ်လိုက်သည်။

ပျန်းနမ် တန့်သွားခဲ့ကာ မျက်လွှာကိုပင့်၍ သူ့အား ကြည့်လိုက်ပြီး -

"ငါလူး မင်းဘယ်လိုသိတုန်း"

"နည်းနည်းပါးပါး စဥ်းစားလိုက်ရုံနဲ့ သိတယ်လေ"

ချိုးယိက သူ့ လက်မောင်းကို ပုတ်ပေးလိုက်ရင်း -

"ဒီအမူအရာ၊ ဒီအချိန်၊ ဒီနေရာ ......"

ပျန်းနမ် နှုတ်ခမ်းကို ဘေးနှစ်ဖက်ဆန့်၍ ရယ်လိုက်ကာ -

"အဲဒါလဲ ဟုတ်ပါတယ်လေ"

"အရင်ဆုံး တစ်ခုခု သွားစားရအောင်"

ချိုးယိက သူ့ပခုံးကို ဖက်ထားလျက် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ -

"ငါ ဖြတ်လာတုန်းက ဟိုဘက်နားမှာ မနက်စာဆိုင်တစ်ဆိုင် တွေ့ခဲ့တယ်။ လူမများဘူး"

"အင်း"

ပျန်းနမ် မျက်နှာကို သပ်ပြန်လိုက်၏။ ယခုလောလောဆယ်တွင် သူ ဗိုက်တင်းခြင်း ဗိုက်ဆာခြင်း ခံစားချက်များ လုံးဝမရှိချေ။ အေးသလား မအေးသလားကိုလည်း မသိချေ။ ကိုယ်ပေါ်က ရှိသမျှ ခံစားနိုင်သည့်အာရုံကြောများဟာလည်း ဒီတစ်ညလုံး ကုန်လွန်သွားပြီးနောက် ငုပ်မြုံကုန်သွားဟန်တူသည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now