Chapter - 28

293 52 0
                                    

Chapter ● 28 ●

မိမိကို ဒဏ်ခတ်ဆုံးမရန် ဘယ်လိုစီစဥ်ထားသည့်အကြောင်း ချိုးယိကို ပျန်းနမ် များများစားစားထပ်မမေးနေတော့ချေ။ မည်သို့ဆိုစေ ယခင်က သူ ပြောခဲ့ပြီးသားဖြစ်သည်။ ရိုက်ရိုက် ထုထု သို့မဟုတ်လည်း ဂုန်နီအိတ်စွပ်၍ပဲ ထိုးထိုး သဘောရှိလုပ်၍ရကြောင်း၊ သူ စောင့်နေကြောင်း ဟူ၍။

ချိုးယိက သူ့ကို ရိုက်ဖို့ မကြံရွယ်ထားတာလည်း ဖြစ်နိုင်သည်။ သူ့အား ချိုးယန့်ကို ခေါ်ပြီး နှစ်ရက်တာ ရေကူးခိုင်းလိုက်လျှင်ပင် သူ ပင်ပန်းပြီး အသက်တစ်ပိုင်း ထွက်အောင် လုပ်နိုင်လောက်ပြီ။

ချိုးယန့်မှာ တကယ်ကိုပင် အားအင်ပြည့်ဝလျှံထွက်နေသော ယောက်ျားကလေးတစ်ယောက်ဖြစ်သည်။ ပျန်းနမ်နှင့်ချိုးယိတို့သည် နေရောင်အောက်တွင် နေပူလွန်း၍ ပါးစပ်ခြောက်လျှာသွေ့နေပြီဖြစ်ကာ နေပူဆာလှုံခြင်းကို စံစားသော နှစ်လိုဝမ်းမြောက်ဖွယ် စိတ်ခံစားချက်မှာ အစောကြီးကတည်းက ပျောက်ကွယ်နေခဲ့ပြီ။ သို့သော် ချိုးယန့်ကမူ ရေထဲတွင် လူးလာခေါက်ပြန် ကူးခတ်နေဆဲ။

ချိုးယိတစ်ယောက် နောက်ထပ်အောင့်အည်းသည်းခံနိုင်စွမ်း တကယ် မရှိတော့ဘဲ ရေထဲဆင်းကာ သူ့ကို ကမ်းပေါ် သယ်ထုတ်လာတော့သည်။

"သား မ‌မောဘူးလေ"

ချိုးယန့်မှာ အတော်လေး အင်တင်တင်ဖြစ်စွာ ခြေတစ်လှမ်းလှမ်းလိုက် မြစ်ရှိရာဘက် လှည့်ကြည့်လိုက် လုပ်နေသည်။

"လက်ပြစမ်း ကြည့်ရအောင်"

ချိုးယိက ကျောက်တုံးပေါ် ထိုင်လိုက်ကာ သူ့အား ကြည့်နေသည်။

ချိုးယန့်က လက်ကို မြှောက်ပြလာလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ လက်ကို ကိုယ်နောက်တွင် ဝှက်လိုက်ပြန်သည်။

"လက်က ဘာဖြစ်လို့လဲ။ ပေါက်သွားတာလား။ ငါးကိုက်ခံလိုက်ရလို့လား"

ပျန်းနမ်က ချိုးယန့်၏လက်ကို ဆွဲယူလိုက်ရာ ချိုးယန့်က လက်ကို လက်သီးဆုပ်ထား၍ ဘာဖြစ်နေမှန်းလည်း မသိမမြင်နေရပေ။ လက်ချောင်းများကို ဖြန့်ထုတ်ရန်အလုပ်တွင် ချိုးယန့်က လက်ကို ကျစ်ကျစ်ဆုပ်ပြီး ပျန်းနမ်အား ပေးမကြည့်ချေ။ သူသည် ချိုးယန့်အား ဘေးတစ်ဖက်သို့ ဖက်ချီသွားပြီး အသံတိုးတိုးဖြင့် -

《Wolf pair》- ဘာသာပြန်Dove le storie prendono vita. Scoprilo ora