Chapter - 69

581 125 17
                                    

Chapter ● 69 ●

"အအေးမိပြီ ဟေ့ ... အအေးမိပြီ ဟ ... အအေးမိပြီလေ ......"

ချိုးယန့်က ခြေဖျားလေးထောက်၍ မီးဖိုချောင်ထဲရှိ ခြင်းထဲကနေ ချင်း (ဂျင်း) တစ်တောင့်ကို မွှေထုတ်လာပြီး သီချင်းတညည်းညည်းနဲ့ ချင်းကို ရေဆေးလိုက်သည်။ ထို့နောက် စဥ်းတီးတုံးပေါ် တင်ကာ အသီးအရွက်လှီးဓားဖြင့် သုံးလေးချက် ဓားပြားရိုက်လိုက်နေရင်း -

"အအေးမိပြီ အအေးမိပြီ အအေးမိပြီ ......"

"ငါ အအေးလေးမိတာ မင်းက ဘယ်လိုဖြစ်လို့ ဒီလောက် ဝမ်းသာနေတာလဲ"

ချိုးယိ မီးဖိုခန်းထဲ ဝင်လာပြီး အိုးအသေးတစ်လုံးထဲ ရေနည်းနည်းဖြည့်ပြီးနောက် သကြားညိုခဲတစ်ခဲ ပစ်ထည့်လိုက်၍ အိုးကို မီးဖိုပေါ်တင်ကာ ပြုတ်ထားသည်။

ချိုးယန့်လက်ထဲက ဓားကို ယူဖို့လုပ်သည့်အချိန်တွင် ချိုးယန့်က ကမန်းကတန်းဖြင့် -

"သားလုပ်မယ် သားလုပ်မယ် သားလုပ်မယ် သားလုပ်မယ် သားလုပ်မယ်"

"အေးပါ အေးပါ အေးပါ မင်းလုပ် မင်းလုပ်"

ချိုးယိက ဘေးနားတစ်ဖက်တွင် သွားရပ်လိုက်ရင်း -

"မင်းလုပ်ပြီးသွားရင် သွားအိပ်တော့။ အိပ်ချိန်ရောက်ပြီ"

"သာ့ဟူကျစ် ဒီနေ့ ဘာဖြစ်လို့ လာမဆော့တာလဲဟင်"

ချိုးယန့်က သူ ဓားပြားရိုက်ပြီး၍ ကြေသွားသော ချင်းကို အိုးထဲ ပစ်ထည့်လိုက်ပြီးနောက် ဇွန်းတစ်ချောင်းယူကာ အိုးကို ဟိုဒီမွှေနေသည်။

"သူ ......"

ချိုးယိသည် မသိစိတ်ကနေ အိတ်ကပ်ထဲက ဖုန်းဆီကို လက်ရောက်သွားသည်။ နေ့လယ်ခင်းက ပျန်းနမ် ဖုန်းတစ်ခါဆက်လာပြီး သူ့အသံ ကြားသည်နှင့် ဖုန်းကို ချက်ချင်း စက်ပိတ်လိုက်ပြီးနောက်ပိုင်း ယခုအချိန်ရောက်သည်အထိ ဖုန်းကို ထပ်မဖွင့်တော့ချေ။

"သူ အလုပ်သင်စဆင်းနေပြီ။ ပိတ်ရက်နှစ်ရက်မှာတောင် အလုပ်သွားရတယ်။ မနေ့တုန်းက ပြောပြီးပြီမဟုတ်ဘူးလား"

"အော်"

ချိုးယန့် ခေါင်းငုံ့သွားပြီး အသံအုပ်အုပ်နဲ့ -

《Wolf pair》- ဘာသာပြန်Where stories live. Discover now