Chapter - 4

366 69 0
                                    

Chapter ● 4 ●

ချိုးယိက မျက်နှာဖုံး မတပ်ထားပေ။ ပျန်းနမ်နှင့် မျက်နှာချင်းဆိုင်နီးပါးလောက်အကွာအဝေးတွင် ရှိနေသည်။ ပျန်းနမ်က သည်လူ၏မျက်နှာရုပ်သွင်ကို နောက်ဆုံးတွင်မြင်လိုက်ရတော့၏။

မျက်နှာပေါ်မှ ပတ်တီးအဝတ်စငယ်လေးကို ခွာလိုက်ပြီဖြစ်သည်။ မျက်လုံးထောင့်အောက်နားတွင် စက်ဝိုင်းခြမ်းပုံသဏ္ဍာန် ဒဏ်ရာလေးတစ်ခုရှိနေရာ လခြမ်းကွေးတစ်ခုနှင့်တူနေသည်။

အသားအရည်က အမှန်တကယ်ကိုပင် ဖြူဆွတ်နေသည်။ မျက်နှာပေါ်မှ ကောက်ကြောင်းကလည်း အလွန်ပြတ်သားကြည်လင်သည်။ ဖြောင့်တန်းနေသောနှာတံ၊ သာမန်လူတို့ထက် နက်ရှိုင်းချိုင့်ဝင်နေသောမျက်အိမ်၊ ထိုအညိုဖျော့ရောင်မျက်ဆံတစ်စုံကိုပါ ထည့်ပေါင်းလိုက်သောအခါ၊ ကျန်းရှောင်ရုန်တစ်ယောက် ချိုးယိကိုကြည့်လိုက်ချိန်များတွင် မျက်လုံးထဲမှအနီရောင်အသည်းပုံများ အဘယ့်ကြောင့်ခုန်ပေါက်ထွက်လာမတတ်ဖြစ်လာသည်ကို ပျန်းနမ်သိသွားသလိုလိုဖြစ်သွားသည်။

လခွမ်း။

သူသည် အလွန်စိတ်မကြည်စွာ အကြည့်ပြန်ရုပ်သိမ်းလိုက်ပြီး ရှေ့ရှိရေခွက်ကို စိုက်ကြည့်နေလိုက်သည်။ ချိုးယိတစ်ခုခုပြောလိုက်သည်ကို သူသေချာမကြားလိုက်ပေ။ ခေါင်းထဲတွင် ညနေခင်းကမိမိပြောခဲ့သော စကားကတစ်ခွန်းက ခေါက်တုံ့ခေါက်ပြန်ပဲ့တင်ထပ်နေသည်။

တကယ်လို့ ချိုးယိကိုငါနောက်တစ်ခါထပ်မြင်လို့ သူ့ကိုသေအောင်မဆော်ရရင် အဆုံးသတ်လို့မသတ်မှတ်ဘူး။

သို့သော် ယခုကဲ့သို့သောနေရာအနေအထားမျိုးတွင် ချိုးယိကိုနောက်တစ်ကြိမ်ပြန်တွေ့ရလိမ့်မည်ဟု သူဘယ်လိုမှမထင်ထားခဲ့ပေ။

သူ့အဖေကိုရှေ့မှာထားပြီး စားသောက်ဆိုင်ဝန်ထမ်းတစ်ယောက်ကို ထိုးရိုက်ဖို့လည်း မဖြစ်နိုင်နေချေ။ ထို့ပြင် ရန်ဖြစ်ရတဲ့အကြောင်းရင်းကိုလည်း သူပြောမထွက်နိုင်နေပါ။ ရန်ဖြစ်ရင်း အလစ်မှာအရိုက်ခံလိုက်ရတယ်လို့ပြောရမလား။ ကောင်မလေးလုရာမှာ အရေးနိမ့်သွားတယ်လို့ပြောရမလား။

《Wolf pair》- ဘာသာပြန်Where stories live. Discover now