Chapter - 42

305 55 1
                                    

Chapter ● 42 ●

ချိုးယိ ခံတွင်းထဲမှ ခပ်ဖျော့ဖျော့ပူရှိန်းအရသာလေးမှာ လျက်ရတာ အတော်လေး နေလို့ကောင်းလှသည်။ ပျန်းနမ်ရဲ့လျှာဖျားက သူ့နှုတ်ခမ်းတွေထဲ တေ့မိလိုက်ပြီးနောက်တွင် သွားတွေကြားကတဆင့် အထဲသို့ တိုးဝင်သွားသည်။

ချိုးယိရဲ့လျှာဖျားက လုံးဝ ရှောင်ဖယ်မသွားပါ။ သတိပြန်မဝင်လာသေးလို့လည်း ဖြစ်ပါလိမ့်မည်။ လျှာဖျားချင်း ထိခတ်ကြတော့ စိုစွတ်နူးညံ့သောခံစားချက်တို့ ပျံ့နှံ့ကူးစက်လာကာ လျှပ်စစ်ပါဝါရင်းမြစ်ကို ဖွင့်လိုက်သလိုပင် ထုံထိုင်းဖျော့တော့မှုတို့က ချက်ချင်း ပြည့်နှက်ဝင်ရောက်သွားသည်။

ပျန်းနမ်မှာ ဒီအချိန်ရောက်တော့မှ ရုတ်ခြည်း သတိပြန်လည်လာသည်။

သူ ချိုးယိကို နမ်းလိုက်တာပဲ ...

ကြက်သေသေနေပြီးနောက် နှစ်ယောက်သားတို့ရဲ့ လက်မောင်းတွေက ပြိုင်တူနီးပါးလောက် တစ်ယောက်ကိုတစ်ယောက် တွန်းထုတ်လိုက်ကြသည်။

ပျန်းနမ်သည် တစ်ခုခုအကိုက်ခံလိုက်ရသလိုမျိုး ခုန်ကာ ထထိုင်လိုက်ပြီး စကားတောင် တစ်ခွန်းလောက် ပြောဖို့ အာရုံမရဘဲ လိမ့်ရင်း တွားရင်းနဲ့ တဲထဲကနေ ဝရုန်းသုန်းကား ထွက်သွားသည်။

ချိုးယိက မလှုပ်မယှက် လှဲနေခဲ့ပြီး အတော်ကြာတော့မှ မျက်မှောင်ကြုတ်ရင်း သူ့နှုတ်ခမ်းကိုသူ လက်နဲ့ ဖိလိုက်သည်။

တစ်ခဏလောက်ကြာပြီးတော့ ခြေထောက်ကို ကွေးကာ ရေကူးဘောင်းဘီကို ဆွဲပြင်လိုက်သည်။

"သာ့ဟူကျစ် --"

ချိုးယန့်က မြစ်ထဲတွင် ရေကစားနေလျက် ရှိသေးပြီး ပျန်းနမ် ပြေးထွက်လာတာကို မြင်တော့ အော်ခေါ်လိုက်သည်။ သို့သော် ပျန်းနမ်က ဘာတစ်ခွန်းမှ မဟပေ။

ချိုးယိ ထထိုင်လိုက်ပြီး စိတ်ငြိမ်အောင် ထပ်နေလိုက်ပြီးတော့မှ ခေါင်းကို တဲအပြင် ပြူထုတ်ပြီး ကြည့်ကြည့်လိုက်သည်။ ပျန်းနမ်တစ်ယောက် ပျောက်သွားပြီဖြစ်ကာ ဘယ်ဆီ ပြေးသွားမှန်း မသိတော့ပါ။

"ကိုကို --"

မြစ်ထဲရှိ ချိုးယန့်က သူ့ကို အော်ခေါ်လာပြန်သည်။

《Wolf pair》- ဘာသာပြန်Wo Geschichten leben. Entdecke jetzt