Chapter - 2

520 79 0
                                    

Chapter ● 2 ●

ထိုနာမည်ကိုကြားလိုက်သည်နှင့် ဝမ့်ဖေးသည် ကြောင်ငေးသွားပြီးနောက် ပျန်းနမ်ကို အလျင်အမြန်ပင် လှည့်ကြည့်လိုက်သည်။

"အင်း"

ပျန်းနမ်က ပြန်ဖြေလိုက်သည်။ များများစားစား မေးမြန်းမနေတော့ဘဲ လက်ကို အင်္ကျီအိတ်ကပ်ထဲထည့်လိုက်ပြီး လမ်းမအတိုင်း လျှောက်ထွက်သွားသည်။

"လခွမ်း၊ ချိုးယိကို လုပ်ကြမှာပဲဟ။ မင်းဆန္ဒအတိုင်းဖြစ်သွားတယ်မလား"

ဝမ့်ဖေးက နောက်မှတောက်လျှောက်လိုက်လာခဲ့ပြီး တစ်အောင့်ခန့်ကြာသွားပြီးနောက် အသံတိုးတိုးနှင့်ပြောလာသည်။ စကားသံထဲတွင် စိတ်တက်ကြွလှုပ်ရှားမှုများ ပြည့်နှက်ပါဝင်နေသည်။

"အခုတော့ ငါတစ်ခုခုစားချင်နေတယ်"

ပျန်းနမ်သည် သကြားလုံးတစ်လုံး ရှာပြီးစားရန် အိတ်ကပ်ထဲတွင် အချိန်အတော်ကြာအောင် နှိုက်စမ်းနေသော်လည်း နောက်ဆုံးထွက်လာသည်မှာ စူပါမားကက်ဖြတ်ပိုင်းတစ်ရွက်ဖြစ်နေသည်။ သူသည် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်ရင်း ဆက်ပြောလာသည်။

"ဘယ်မှာသွားစားကြမလဲ"

"လောင်ရှန်းချင်းကို သွားရအောင်။ ငါသူတို့ဆိုင်က ကော်ပြန့်လိပ်စားချင်တယ်"

ဝမ့်ဖေးက ပြောလိုက်ကာ တစ်အောင့်ခန့်ရပ်လိုက်ပြီးနောက် ထပ်ပြောလာပြန်သည်။

"ချိုးယိကို ပထမဆုံးပြဿနာသွားရှာမယ့်ကောင်က ဖန်းယိဖုန်းဖြစ်မယ်မှန်း ငါထင်ခဲ့သားပဲ။ အခုဒီစာသင်နှစ်ဝက်အထိ ထိန်းထားနိုင်မှန်းသာ မထင်ထားခဲ့တာ"

"ဒီအချိန်ကြီးမှာ ချေးကို ကော်ပြန့်လိပ်ရှိဦးမှာလား ... ... ခေါက်ဆွဲကြော်တို့ဘာတို့ပဲ ဖြစ်သလို စားလိုက်ရင်ရပြီ"

ပျန်းနမ်က ရှေ့နားရှိ စားသောက်ဆိုင်တန်းဆီသို့ လက်ညှိုးညွှန်ရင်း ပြောလိုက်သည်။

"သဘောပဲ။ မင်းလိုသခင်လေးကတောင် အရေးမစိုက်တာ၊ ငါကပိုပြီးတော့တောင် အလေးမထားဘူး။ ခေါက်ဆွဲကြော်ဆိုရင် ငါဝယ်ကျွေးမယ်လေ"

《Wolf pair》- ဘာသာပြန်Where stories live. Discover now