Chapter - 56

560 103 5
                                    

Chapter ● 56 ●

ပျန်းနမ်သည် စာကြည့်ခန်းတံခါးရှေ့တွင် ရပ်၍ တံခါးခေါက်ဖို့ လက်ရွယ်ထားလျက် ယခုလောလောဆယ်တွင် တံခါးကို ခေါက်ရမလား သို့မဟုတ် အရင်လှည့်ထွက်သွားရမလားကို မသိဘဲ ဖြစ်သွားသည်။

သူ့အဖေ တစ်ခုခုပြောလိုက်ပြီး အန်တီက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ -

"ရှောင်နမ်က ငယ်ငယ်ကတည်းက ဘာရည်မှန်းချက်မှ မရှိဘူး။ ဆော့ရင်း နောက်ရင်းနဲ့ ကြီးလာတာ။ ပျန်းဟောက်နောက် လိုက်ပြီး စိတ်လေးဘာလေးပြင်ဆင်ရင်း စီမံအုပ်ချုပ်တာကို အရင်လေ့လာလို့ရတာပဲ ...... မဟုတ်ရင်လည်း တက္ကသိုလ်တက် ......"

"သူ တက္ကသိုလ်တက်ဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အားကစားအထက်တန်းကျောင်းတောင် သူ တော်တော်ရုန်းကန်နေရတာကို။ တင်းနစ်ရိုက်တာကိုလည်း ဘယ်တုန်းကမှ သဘောကျခဲ့တာ မဟုတ်ဘူး"

သူ့အဖေရဲ့အသံက တိုးလျနေပြီး -

"အဲဒါကြောင့် သူတစ်ခုခုလုပ်ဖို့ အလုပ်ပေးထားချင်ရုံပါပဲ။ တစ်ရက်တစ်ရက် ဟိုလိုလို ဒီလိုလို လျှောက်လုပ်ပြီး ပြဿနာတွေ ရှာနေတာထက်တော့ သာတယ်လေ"

"အဲဒီလိုဆိုရင်တောင် တစ်ဆင့်ချင်း သွားဖို့လိုတယ်လေ"

အန်တီက လေသံဖွဖွနဲ့ ပြော၏။

ပျန်းနမ်က စာကြည့်ခန်းတံခါးကို ခပ်တိုးတိုး ခေါက်လိုက်ရင်း ခေါ်လိုက်သည်။

"အဖေ"

"ဝင်လာခဲ့"

အခန်းထဲကနေ အဖေက ပြန်ထူးသည်။

ပျန်းနမ် တံခါးကို တွန်းဖွင့်လိုက်တော့ အန်တီက ဆိုဖာပေါ်တွင် ထိုင်နေကာ သူဝင်လာတာကို မြင်တော့ ရယ်ပြလာရင်း -

"အခုပဲ မင်းအဖေနဲ့ မင်းအကြောင်း တိုင်ပင်နေတာရော်။ အတော်ပဲ မင်းရောက်လာတယ်ဆိုတော့ မင်းအတွေးကို နားထောင်ကြည့်ရအောင်"

"ဘာ ...... အကြောင်းလဲ"

ပျန်းနမ် စာအုပ်စင်ဘေးနားတွင် ရပ်နေရင်း မေးသည်။

"မင်း ကျောင်းပြီးတော့မှာဆိုတော့ နှစ်ကူးပြီးရင်လည်း အလုပ်သင်ဆင်းဖို့အချိန်ရောက်ပြီ"

《Wolf pair》- ဘာသာပြန်Where stories live. Discover now