Chapter ● 54 ●
အချင်းချင်း ဝမ်အန်းဟု နှုတ်ဆက်ပြီးကြပြီးနောက် ပျန်းနမ် ချက်ချင်း အိပ်မပျော်သွားချေ။
ဘေးနားရှိ ချိုးယိ၏ အသက်ရှူသံမှန်မှန်နှင့် သူ့လက်မောင်းနှင့်အတူ လာပူးကပ်နေသော လက်မောင်းကြောင့် သူ့မှာ စိတ်ကူးယဥ်ချင်လာမိသည်။
လူတွေက တကယ်ကို ဆန်းကြယ်လှသည်ဟု ပျန်းနမ် တွေးမိသည်။ ဤကဲ့သို့ ကလေကချေလူရမ်းကားစိတ်က အစလေး စမိလိုက်သည်နှင့် မရမ်းကားသည့်လမ်းကို ဘယ်လိုမှ လှည့်ပြန်လို့မရတော့ချေ။
အတော်လေးငိုက်နေတဲ့အချိန်မှာတောင် အိပ်ရင်းအိပ်ရင်း လမ်းကြောင်းလွဲသွားရသည်။
အတွေးများနေသည်။
ခေါင်းထောင်လာခဲ့သည်။
သောက်ကျိုးနည်းကို တော်တော်ကြာတဲ့အထိ မကျသွားဘူး...
"ချိုးယိ"
ပျန်းနမ် ချိုးယိရဲ့လက်ချောင်းကို ဆိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် -
"အိပ်ပျော်သွားပြီလား"
ချိုးယိ ငြိမ်နေပြီး ခဏလောက်ကြာတော့မှ သူလည်း အသံတိုးတိုးဖြင့် -
"အိပ်ပျော်သွားပြီ"
"လခွမ်း"
ပျန်းနမ် မျက်လုံးပိတ်လျက်သားဖြင့် ရယ်လိုက်ပြီး -
"မင်းက ဘုန်းကြီးလား"
"မဟုတ်ဘူး"
ချိုးယိက ဆက်၍ တည်ငြိမ်အေးဆေးစွာ ပြန်ဖြေသည်။
"ဒါဆို မင်း ... ... မင်း ဘာမှမဖြစ် ... ..."
သူနဲ့အတူတူပဲလားလို့ သူ ချိုးယိကို မေးချင်နေတာဖြစ်သည်။ သို့ပေမဲ့ အနည်းငယ် မေးမထွက်နိုင်ဖြစ်နေ၏။ ဒီလိုကိစ္စမျိုးကလည်း ထုတ်မေးလိုက်ဖို့က တကယ်ကို ကသိကအောက်ဖြစ်စရာ ဖြစ်နေ၏။
"ဖြစ်တယ်"
ချိုးယိပြောသည်။
"ဖြစ်တယ် ဟုတ်လား"
ပျန်းနမ် ချိုးယိဘက်ကို လှည့်ကြည့်လိုက်ပြီး -
"ဆရာကြီး ကျေးဇူးပြုပြီးတော့ ဒီတပည့်ကို နည်းလမ်း ပြသပေးပါဦး။ ဆရာကြီးလိုမျိုး တည်ငြိမ်အောင် ဘယ်လိုနေရမလဲ"
ΔΙΑΒΑΖΕΙΣ
《Wolf pair》- ဘာသာပြန်
Εφηβική ΦαντασίαLang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe