Chapter - 37

305 56 1
                                    

Chapter ● 37 ●

"ဟ"

ပခုံးပေါ် အကိုက်ခံလိုက်ရသော ချိုးယိမှာ မအောင့်နိုင်ဘဲ တစ်ချက်အော်လိုက်မိလေသည်။

ပျန်းနမ် တိတ်ဆိတ်နေပြီး ထိုတစ်ကိုက် ကိုက်လိုက်ပြီးနောက်တွင် ထိုင်ခုံလက်မှီပေါ်တွင် ထောက်ထားသော လက်က ရုတ်တရက် အားလျော့သွားကာ လူတစ်ကိုယ်လုံးမှာ ချိုးယိကိုယ်ပေါ်သို့ ပိကျသွားသည်။

"ဝေ့ ..."

ဒီနေ့မှာ ချိုးယိက သိပ်အများကြီး မစားထားပေမဲ့ ဘီယာသောက်ထားတာတော့ မနည်းပေ။ ထိုသို့ အဖိခံလိုက်ရတော့ ဆီးတောင် ထွက်ကျလာတော့မလိုပင်။ လက်မောင်းကို ကမန်းကတန်းဆွဲထုတ်ပြီး သူ့ကို တွန်းလိုက်ကာ -

"ထစမ်း"

ပျန်းနမ်က ငြိမ်နေသည်။ မေးစေ့ကတော့ ချိုးယိပခုံးပေါ်မှာ ချိတ်တင်နေဆဲဖြစ်၍ ထို့ကြောင့် ချိုးယိမှာ တစစ်စစ် ကိုက်ခဲနာကျင်နေတော့သည်။ သူသည် မျက်နှာကို ဘေးသို့လှည့်ပြီး ပျန်းနမ်ကို ဆံပင်မှဆွဲကာ ခေါင်းကို နောက်သို့ ဆွဲခွာလိုက်ရင်း -

"ပျန်းနမ် ..."

"မင်း မဟုတ်ဘူးမလား"

ပျန်းနမ် မျက်နှာကို သေချာမြင်ရတော့ ချိုးယိမှာ အော်ဆဲလိုက်မိတော့သည်။

"ငါ ... ... လူး"

ပျန်းနမ် အိပ်ပျော်နေခဲ့ပြီ။

အရက်သောက်တာများပြီး လွန်ခဲ့တဲ့တစ်စက္ကန့်ကတောင် လူကို လာကိုက်သွားကာ နောက်တစ်စက္ကန့်မှာ ချက်ချင်းအိပ်ပျော်သွားတဲ့လူကို ချိုးယိတစ်ယောက် တစ်ခါမှ မတွေ့ဖူးသေးပါ။ ပျန်းနမ်ကြောင့် သူ့မှာ အသိဉာဏ်တွေ တိုးပွားလာတယ်လို့တောင် ပြောလို့ရနေပြီ။

ထို့ပြင် သူ့အဖေနှင့်ချိုးယန့်တို့ အိပ်ပျော်ချင်ယောင်ဆောင်တတ်ကြတာကို ကာလရှည် ဉာဏနဲ့သတ္တိတိုက်ပွဲကနေ စုဆောင်းမိလာတဲ့အတွေ့အကြုံအရ ပျန်းနမ်မှာ အမှန်တကယ် အိပ်ပျော်သွားခဲ့ကြောင်းကို ချက်ချင်း အကဲဖြတ်နိုင်သည်။ ပျန်းနမ်ရဲ့ဆံပင်တွေကို ဆွဲဆုပ်ထားတဲ့လက်ကို လွှတ်လိုက်တာနဲ့ ပျန်းနမ်မှာ မြေပေါ် တန်းပြီး လျှောကျသွားသည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now