Chapter - 33

299 59 2
                                    

Chapter ● 33 ●

ချိုးယိက ပျန်းနမ်၏လက်မောင်းပေါ် လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ကြည်လင်ကျယ်လောင်သော ကြွပ်ဆတ်ဆတ်ရိုက်သံတစ်ခု မြည်သွား၏။

"ဟ"

ပျန်းနမ်သည် ကမန်းကတန်းပင် လက်ကို ပြန်ရုပ်ကာ လက်မောင်းပေါ်တွင် တရပ်စပ် ပွတ်လိုက်ရင်း -

"မင်းကို နည်းနည်းလောက် ပွတ်သပ်မိတာ ဘာကြောင့် ဒီလောက်တောင် ရက်စက်ရတာလဲ။ တကယ်ရိုက်တယ်ပေါ့လေ"

"ငါ မင်းကို ဘယ်တုန်းက ဟန်ဆောင်ရိုက်ဖူးလို့လဲ"

ချိုးယိက တဘက်စောင်ကလေးကို လှမ်းဆွဲပြီး ခြုံလိုက်သည်။

"မနေ့တုန်းက ရိုက်တာကလည်း တကယ်ရိုက်တာလို့ မခေါ်ပါဘူး"

ပျန်းနမ်က တဟေးဟေးရယ်လိုက်ပြီးနောက် -

"ငါ မင်းကို မေးဦးမယ်။ စစချင်းတုန်းက မင်း ပစ္စည်းတစ်ခုခုနဲ့ ငါ့ကို ရိုက်လိုက်တယ်မဟုတ်လား"

"အင်း။ နည်းနည်းလေးမှလည်း မနာဘူးမလား"

ချိုးယိက ကိုယ်ကို လှည့်လိုက်ပြီး ပျန်းနမ်ကို ကျောပေးကာ လှဲလိုက်သည်။

"မနာဘူး။ လန့်သွားရုံပဲ။ ဘာနဲ့ရိုက်လိုက်တာလဲ"

ပျန်းနမ်က ချိုးယိ၏ပခုံးကို လှမ်းကိုင်ပြီး ပက်လက်ပြန်လှဲရန် ဆွဲလိုက်ရင်း -

"ဟေ့ .. ဒီမှာ စကားပြောနေတာလေ။ မင်းလိုမျိုး လုပ်တာ ရှိလို့လား"

"ငါ့ဖိနပ်နဲ့"

ချိုးယိ ပြောသည်။

"ငါသိလိုက်ရတာက မင်းက တကယ် ရူးနေတာပဲ"

ပျန်းနမ်မှာ ချိုးယိစကားကြားပြီး တစ်အောင့်ခန့် ရယ်လိုက်ပြီးနောက် -

"တကယ်တော့ မင်း လက်စားချေချင်ရင် တိုက်ရိုက်လာလို့ ရတာပဲ။ ဘာလုပ်ဖို့ တခြားလူတွေပါ ထပ်ခေါ်လာသေးတာလဲ"

"တစ်ယောက်ချင်းဆိုရင် မင်းကို မချနိုင်မှာစိုးလို့"

ချိုးယိက သူ့အား အတွင်းဘက်သို့ တွန်းထည့်လိုက်ရင်း -

"မင်းပြန်ခုခံမှာလား မခုခံဘူးလားဆိုတာ ဘယ်သူသိနိုင်မလဲ"

ပျန်းနမ်က တကျွတ်ကျွတ် စုတ်သပ်လိုက်ပြီးနောက် -

《Wolf pair》- ဘာသာပြန်Where stories live. Discover now