Chapter - 7

333 66 3
                                    

Chapter ● 7 ●

ယနေ့တွင် တခြားတစ်ယောက်နှင့် အလုပ်အဆိုင်း မပြောင်းခဲ့သင့်ဟု ချိုးယိစဉ်းစားနေမိသည်။

နောက်လအစတွင် ချိုးယန့်၏မွေးနေ့ရှိသည်။ မွေးနေ့ရောက်ရန်စောသေးသော်လည်း အချိန်သက်သက်ဖယ်ထုတ်ပြီး ချိုးယန့်အတွက် သူမွေးနေ့လက်ဆောင်သွားဝယ်ချင်နေသည်။ ထို့ကြောင့် တစ်ဖွဲ့တည်းမှကောင်မလေးတစ်ယောက်က အဆိုင်းလဲကြရန်ပြောလာသည့်အချိန်တွင် သူသဘောတူဖြစ်ခဲ့သည်။ လက်ဆောင်ဝယ်ပြီးသည်နှင့် စားသောက်ဆိုင်ကို တစ်ခါတည်းသွား၍ရသည်ဟု စဉ်းစားထားခဲ့ကြောင့်ပင်။

ကျောင်းမှထွက်လာချိန်တွင် ရှန်းထောင်းက သူနှင့်အတူလိုက်လာပေးချင်ခဲ့သော်လည်း ချိုးယိက အတူလိုက်ရန်မခေါ်ခဲ့ပေ။ အားကစားကျောင်းမှလူများက ယခုအချိန်တွင်လည်း လေ့ကျင့်ရေးပြီးဆုံးခါစဖြစ်ပြီး ထမင်းစားသူက စား၊ အနားယူသူက နားနေကြသဖြင့် ဆုံစရာအကြောင်းမရှိလောက်ပေ။

ရလဒ်ကမူ ဘတ်စ်ကားမှတ်တိုင်ကို ရောက်လာသည်နှင့်တစ်ပြိုင်နက် ဖန်းယိဖုန်းနှင့် ကံအားလျော်စွာ ဆုံသွားသည်။

မစ်တီးဆိုင်ထဲမှ ဖန်းယိဖုန်းပြေးထွက်လာသည်ကိုမြင်လိုက်သည့်အချိန်တွင် ချိုးယိက စိတ်ထဲတွင် တစ်ခွန်းကျိန်ဆဲမိတော့သည်။

ဒါကလည်း ဇွဲကောင်းလွန်းတယ်။ ဒီအားထုတ်မှုနဲ့ ကောင်မလေးပိုးပန်းရင် အစောကြီးကတည်းက ရဲစခန်းမှာ အထိန်းသိမ်းခံနေရလောက်ပြီ။

ဖန်းယိဖုန်းက သူနှင့်အတူ လူသုံးယောက် ခေါ်လာခဲ့သည်။ အကယ်၍ ကြိုတင်ပြင်ဆင်ထားခြင်းရှိလျှင် ချိုးယိအနေဖြင့် ဘာမှနစ်နာဆုံးရှုံးစရာမရှိပေ။ သို့သော် ယနေ့တွင် သူသည် လက်ဗလာနှင့်ဖြစ်နေကာ အချိန်လည်းမဖြုန်းချင်သဖြင့် ထွက်ပြေးရန် ရွေးချယ်လိုက်၏။

အားကစားအထူးပြုကျောင်းသားနှင့်အပြေးပြိုင်ရာ၌ ချိုးယိထံတွင် ဘာအားသာချက်မှမရှိနေပါ။ သူသည် ပြေးနေရင်း လမ်းဘေးတစ်ဖက်တစ်ချက်ကိုလည်း အလျင်အမြန်ဝေ့ဝိုက်ကြည့်လိုက်သည်။ အုတ်ခဲများ၊ တုတ်ချောင်းများကိုရှာတွေ့နိုင်မလားဟူ၍ ရှာကြည့်ရန်ကြိုးစားခြင်းဖြစ်၏။

《Wolf pair》- ဘာသာပြန်Where stories live. Discover now