Chapter - 3

404 77 3
                                    

Chapter ● 3 ●

"ငါ့လခွမ်း"

ဝမ့်ဖေးက ညာဘက်နံရိုးကိုလက်ဖြင့်အုပ်ထားရင်းပြေးနေပြီး ခေါင်းအလှည့်တွင် ချိုးယိကိုတွေ့လိုက်သည်နှင့် အံကြိတ်ကာ ဆဲဆိုလာသည်။

"ဒီမြေးကောင်က အရိုက်ခံဖို့ အကြောင်းရှာနေတာလား"

ချိုးယိက ယခင်ကအတိုင်း မျက်နှာဖုံးအုပ်ထားလျက်သားဖြစ်ကာ သူ့ဘယ်ဘက်မျက်လုံးနားတွင် တစ်ဝက်လောက်ပေါ်နေသော ပတ်တီးပိတ်စကို မြင်နေရသည်။

ပျန်းနမ်က စကားမဆိုဘဲ ခေါင်းငုံ့ပြီးရှေ့သို့ဆက်ပြေးနေသည်။ ချိုးယိတစ်ယောက် ဘာကြောင့် သည်နေရာကိုပြေးလာပြီး လာရပ်နေလဲဆိုသည်ကို သူမသိပေ။ ရန်ဖြစ်ဖို့လား။ အာဏာပြတာလား။ ရန်ဆွတာလား။

ဝမ့်ဖေးမှာ အတော်လေးကိုမကျေမနပ်ဖြစ်စွာ အသံတိုးတိုးဖြင့် တစ်လမ်းလုံးဆဲလာသည်။

"အရိုက်ခံချင်နေတာ။ မနေ့ညက ရိုက်ချက်နဲ့ ခေါင်းပြုတ်ထွက်မသွားလို့ အားမရသေးတာပဲ"

ကွင်းတစ်ပတ်ပြေးလိုက်ပြီးနောက် ဝမ့်ဖေးက ဆဲဆိုနေဆဲဖြစ်သည်။ ရန်ဖြစ်လိုက်တိုင်း အရေးနိမ့်သည့်ဘက်တွင် တစ်ခါမှမနေဖူးသည့်လူတစ်ယောက်အနေဖြင့် မနေ့ညက ချိုးယိ၏ထိုရိုက်ချက်မှာ ဝမ့်ဖေးအတွက်ပြောရလျှင် အချစ်ဦးထက်တောင် မမေ့နိုင်စရာဖြစ်နေသည်။

"ငါသာ တကယ်လို့ ... ... ငါ့လခွမ်း ဒီကောင်ဘယ်လိုဖြစ်လို့ အဲဒီမှာရှိနေတုန်းလဲ"

ဝမ့်ဖေး၏ထိုအသံကိုကြားလိုက်သည်နှင့် ပျန်းနမ်က မျက်လုံးပင့်ပြီး ယခင်ကနေရာကို လှမ်းကြည့်လိုက်ရာ ချိုးယိမှာ ထိုနေရာတွင်ရှိနေဆဲဖြစ်ကြောင်းကို အံ့သြစွာမြင်လိုက်ရသည်။ လက်နှစ်ဖက်ကို အိတ်ကပ်ထဲတွင် ထိုးထည့်ထားဆဲဖြစ်ပြီး သူတို့ရှိရာသို့ ကြည့်နေသည်။

"သူဘာလုပ်နေတာလဲ"

ပျန်းနမ်က မနေနိုင်တော့စွာ မေးလိုက်သည်။

"ဘယ်သူသိမလဲ"

ဝမ့်ဖေးက တန့်သွားပြီး သူ့နားရွက်နားသို့တိုးလာကာ အသံကိုနှိမ့်ပြီး ဆက်၍ -

《Wolf pair》- ဘာသာပြန်Where stories live. Discover now