Chapter - 64

616 114 5
                                    

Chapter ● 64 ●

ပျန်းနမ်က ဖက်ထုပ်နှင့်ပတ်သက် အထူးတလည်တောင်းဆိုချက်တွေ သိပ်မရှိပါ။ ပြီးခဲ့သည့်တစ်ခေါက်က ချိုးယိတို့အိမ်တွင် လုပ်စားသော ဖက်ထုပ်ကိုတော့ တော်တော်စားလို့ကောင်းတယ်လို့ ထင်သည်။ သို့သော် ချိုးယိက အရွက်နှင့်အသားတွေ ရောပါသောအစာသွပ်ကို စားရတာ တအားသဘောကျသည်။ ခါတိုင်း ထမင်းစားနေကျ ပမာဏထက် များစွာပိုစားသည်။ ပျန်းနမ်လည်း သူနဲ့လိုက်ပြီး မထိန်းနိုင်ဘဲ တောက်လျှောက်စားနေကာ မရပ်နိုင်ဘဲ ဖြစ်နေတော့၏။

နှစ်ယောက်သား ဖက်ထုပ်များကို အကုန်စားလိုက်ပြီးနောက် ပျန်းနမ်တစ်ယောက် ဗိုက်ကို ပွတ်လိုက်ရင်း -

"ဖက်ထုပ်ဆိုတဲ့ဟာကလေ အိမ်မှာ စားရတာသာ မဟုတ်ရင် ဘယ်မှာပဲစားစား သိပ်စားလို့ကောင်းတာပဲ"

"ဒါဆို မင်း နှစ်ကူးကာလတွေဆို ငရဲခံနေရသလို ဖြစ်နေမှာပေါ့"

ချိုးယိက ရယ်ရင်း ပြောသည်။

"တော်ပါသေးတယ်။ ပျန်းရှင်းယွီက ဖက်ထုပ် သိပ်မကြိုက်တော့ ငါတို့အိမ်မှာ နှစ်ကူးဆို ဖက်ထုပ် သိပ်မစားဖြစ်ဘူး"

ပျန်းနမ် ခဏစဥ်းစားနေပြီးနောက် စားပွဲအောက်ကနေ ချိုးယိ ခြေထောက်ကို အသာလေး ကန်လိုက်ရင်း -

"ဟေ့ သာ့ပေါင်"

"အင်း"

ချိုးယိလည်း သူ့ခြေထောက်ဆီကို ခပ်ဖွဖွ တစ်ချက် ကန်လိုက်သည်။

"နှစ်သစ်ကူးဆို မင်းတို့အိမ်မှာ ဘာလိုကူးလဲ"

ပျန်းနမ် မေးသည်။

"မင်း တစ်ခေါက်လာကူးလိုက်ရင် သိသွားမှာ"

ချိုးယိ ပြောသည်။

"အာ"

ပျန်းနမ် ခပ်တွေတွေ ဖြစ်သွားသည်။

"မင်းက နှစ်ကူးကျရင် ငါတို့အိမ်မှာ လာနေချင်တာ မဟုတ်ဘူးလား"

ချိုးယိ သူ့ကို ကြည့်ရင်း မေးသည်။

"နောက်ဆိုရင် ငါဘာဖြစ်ချင်နေတာလဲဆိုတာ မင်းခန့်မှန်းမိသွားရင်လဲ ပြောမထုတ်လာပါနဲ့လား"

《Wolf pair》- ဘာသာပြန်Where stories live. Discover now