Chapter - 79

484 118 11
                                    

Chapter ● 79 ●

သူဟာ အတော်ကို စိတ်သဘောထားကြီးပြီး အမှတ်မရှိလှပါလားဟု သူ့ကိုယ်သူ ထင်မိသည်။ ဤရက်ပိုင်းတွင် တစ်လျှောက်လုံး စိတ်တထင့်ထင့် ဖြစ်နေလျက်သားနှင့် မနေ့ကရော ဒီနေ့ပါ ဒီလောက် ပြဿနာအကြီးအကျယ်တက်ထားတာတောင် သူသည် ပြတင်းပေါက်ကို မျက်နှာမူ၍ ခဏအကြာ ငေးငိုင်နေပြီးနောက်တွင်တော့ စောင်ထဲ ကွေးလျက် အိပ်ပျော်သွားခဲ့သည်။ အိပ်မပျော်သွားခင် သူ ဖုန်းကို တစ်ချက်ကြည့်လိုက်တော့ အချိန်က ၁၁ နာရီတောင် မထိုးသေးချေ။

ထို့ပြင် ဤသို့ အိပ်ပျော်သွားရတွင် အိပ်ဆေးသောက်၍ အိပ်လိုက်သည့်အတိုင်းပင်။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွား၏။ ယခင်ရက်ပိုင်းက တစ်ညမှ ကောင်းကောင်းအိပ်မပျော်ခဲ့ရ၍ ဖြစ်လိမ့်မည်ထင်သည်။

မနက်ရောက်တော့ ယန်ရွှိက သူ့စောင်ကို လာလှပ်ပြီး သူ့အား သုံးလေးချက် ကန်နှိုးလိုက်တော့မှ သူသည် အိပ်ချင်မူးတူးဖြင့် မျက်လုံး ပွင့်လာပြီး -

"လခွမ်း ဘာလုပ်တာလဲ"

"မင်း ဒီနေ့ အလုပ်သွားရမှာမဟုတ်ဘူးလား"

ယန်ရွှိ လက်ကို ပိုက်ထားလျက် -

"မြန်မြန်ထတော့။ ငါ ဆိုင်ဖွင့်တော့မယ်"

"ခင်ဗျား ချေးကို ဆိုင်ဖွင့်နေလိုက်"

ပျန်းနမ် မလိုမလားဖြင့် ထထိုင်လိုက်ပြီး -

"ခင်ဗျား ဒီဆိုင်မှာ တခြားလူလာတာ ကျွန်တော်ဖြင့် မြင်ကို မမြင်ဖူးဘူး"

"ဘယ်သူပြောလဲ"

ယန်ရွှိက နံရံကို မှီရပ်လိုက်ပြီး လက်က ပျန်းနမ်၏ဘေးနားဘက်တွေဆီကို လိုက်ညွှန်ပြလိုက်ကာ -

"ဒီလောက် လူတွေ အများကြီးကို မင်း မမြင်ဘူးလား"

"ဟင်"

ပျန်းနမ် ကြောင်သွားခဲ့ပြီးနောက်မှာတော့ သူ့နောက်ကျောတစ်လျှောက် ချမ်းစိမ့်တက်လာကာ ကြက်သီးမွေးညှင်းတွေတောင် ထောင်လာတော့သည်။ သူသည် ခုန်ထလိုက်ပြီး လက်က သူ့ကျောကိုသူ အရူးအမူး သပ်လိုက်ရင်း ဆဲလည်း ဆဲလိုက်သည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now