Chapter - 19

299 55 2
                                    

Chapter ● 19 ●

ချိုးယိ၏ခြေထောက် ဒဏ်ရာရသွားပြီးနောက် နေ့စဥ်နေ့တိုင်း၏ အလုပ်လုပ်ချိန်နှင့် အနားယူချိန်တို့မှာ များစွာ ပြောင်းလဲသွားခဲ့ရသည်။

ယခင်ကဆိုလျှင် မနက်စောစော အိပ်ရာထ၊ မနက်စာချက်၊ နေ့လယ်စာနှင့် ညစာအတွက် ပြင်ဆင်ပေးပြီးနောက် ကျောင်းသွားတက်ရသည်။ ကျောင်းဆင်းလျှင် အချိန်ပိုင်းအလုပ်ဆီ အချိန်မီအောင် အပြေးသွားရသည်။ စနေတနင်္ဂနွေပိတ်ရက်ဆိုလျှင် ဂိုက်သွားသင်သည်။

သူ့အချိန်ဇယားမှာ အတော်လေး ပြည့်ကျပ်နေခဲ့၏။ ရန်ဖြစ်သတ်ပုတ်ရန်အတွက်တောင် ရှိသမျှ အချိန်အပိုအလွတ်လေးများကို ရှာဖွေအသုံးပြုနေရသည်။ အတန်းလစ်ခြင်း၊ အတန်းထဲကို နောက်ကျမှ ရောက်ခြင်း၊ အတန်းမှ စောစော ပြန်ထွက်ခွာလာခြင်း အစရှိသည့် အချိန်များကို ပေါင်းစပ်လိုက်တော့မှသာ အလျင်မီတော့သည် ......

ယခုတော့ ခြေထောက်ဒဏ်ရာ ရသွားသည်။ မနက်စောစောတွင် နိုးနေကျအချိန်အတိုင်း အိပ်ရာထပြီး ကျောင်းသွားရန် ပြင်ဆင်သိမ်းဆည်းသော ချိုးယန့်ကို စောင့်ကြည့်သည်မှ လွဲလျှင် ကျန်အချိန်များတွင် သူသည် ခုတင်ပေါ်တွင် လှဲအိပ်နေ၍ရသည်။ စာအုပ် ဖတ်သည်။ တီဗွီ ကြည့်သည်။ အားလပ်လွန်း၍ ပျင်းရိငြီးငွေ့လာလျှင် ရွံ့ရုပ် လုပ်၍ရသေးသည်။

အပန်းဖြေအနားယူနေရသကဲ့သို့နှယ်။

သို့သော် ထမင်းဟင်းချက်ရလျှင်သာ ပင်ပန်းအားကုန်ရသည်။ အချိန်ကြာကြာ မတ်တတ်ရပ်မိလျှင် ခြေထောက်က အနေရခက်လာတတ်သည်။

"ကိုကို"

ချိုးယန့်က မျက်နှာသစ်သွားတိုက်ပြီးသွားပြီးနောက် လက်ထဲတွင် Bumblebee စက်ရုပ်ကို ပိုက်လျက် ခုတင်ဘေးတွင် လာရပ်ကာ -

"မနက်စာ သွားထွက်ဝယ်ရမှာလား"

"အင်း"

ချိုးယိက အင်္ကျီလဲလိုက်ပြီး -

"ငါ့ပိုက်ဆံအိတ်က အပြင်ခန်းမှာ ရှိတယ်။ အဖေ ဘာစားချင်လဲ မေးလိုက်ပြီးတော့ သွားဝယ်လိုက်"

ချိုးယန့်က ခေါင်းညိတ်လိုက်ပြီး ခြေနှစ်လှမ်း လှမ်းလိုက်ပြီးနောက် ပြန်လှည့်လာပြန်ပြီး -

《Wolf pair》- ဘာသာပြန်Where stories live. Discover now