Chapter - 44

318 60 5
                                    

Chapter ● 44 ●

သူ ယောက်ျားလေးကို ကြိုက်တာ ဟုတ်ခြင်း မဟုတ်ခြင်း၊ ထိုယောက်ျားလေးက ချိုးယိဟုတ်ခြင်းမဟုတ်ခြင်း ဆိုသည့်အချက်နဲ့ယှဥ်လျှင် ပျန်းနမ် ပိုအရေးစိုက်နေမိတာကတော့ ကြိုက်နေလား မကြိုက်နေလားဆိုတာကိုပင်။

ဒီလူက ဘယ်သူပဲဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်၊ ပျန်းနမ် သေချာအောင် လုပ်ချင်တာကတော့ သူကြိုက်လား မကြိုက်လားဆိုတာကိုပဲဖြစ်သည်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ပျန်းနမ်မှာ နှိုင်းယှဥ်ကြည့်လို့ရတဲ့ခံစားချက် မရှိနေချေ။ သူ မူလတန်းကတည်းစပြီး "ရည်းစား" ထားခဲ့သည်။ ဗရုတ်ကျခဲ့တာတွေပါ ထည့်တွက်လျှင် ဆယ်ယောက်ကျော် ရှိလောက်သည်။ သို့သော် ရည်းစားဖြစ်လာဖို့ စေ့ဆော်မှုတွေကတော့ အမျိုးစုံ ရှိသည်။ လှလို့၊ အပေါင်းအသင်းတွေ အားပေးအားမြှောက်လုပ်လို့၊ အများနဲ့ အလိုက်သင့်နေလိုက်လို့ စသဖြင့်။

လမ်းခွဲပြီးနောက် သူ့ကို နှစ်ရက်လောက် ညှိုးငယ်ထိုင်းမှိုင်းစေတာမျိုးတောင် မရှိပါ။ ကာလတစ်ခုလောက်အထိ ရုန်းကန်လှုပ်ရှားခဲ့ရတာလည်း ကျန်းရှောင်ရုန် တစ်ယောက်တည်းသာ ရှိသည်။ ဒါကလည်း အတော်ကြာတဲ့အထိ ပိုးပန်းလို့မရခဲ့လို့သာ ထိုကဲ့သို့ ရုန်းကန်ခဲ့ရတာဖြစ်သည်။

သို့ပေမဲ့ သူ့ရဲ့စိတ်ရှည်နိုင်မှုအတိုင်းအတာကလည်း အဲဒီနည်းနည်းလေးသာ ရှိပါသည်။ ပင်ပန်းလို့ကုန်သွားရင် ထိုစိတ်ရှည်မှုက ကုန်သွားပြီ။ လှည့်ထွက်လိုက်တာနဲ့ နောက်ထပ် ဘာအတွေးမှ လုံးဝ မရှိတော့ချေ။

ထို့ကြောင့် ချိုးယိအပေါ် သူ့ရဲ့ခံစားချက်က ဘယ်လိုခံစားချက်ဖြစ်မှန်းကို သူ မသိနေပေ။

ထို့ကြောင့် ...... ဒီကိစ္စကို ဝမ့်ဖေးကို မေးမှရမည်။

ရွှီရွေအပေါ် ဝမ့်ဖေးရဲ့သဘောကျစိတ်က သေချာပေါက်ကို တကယ်သဘောကျတာ ဖြစ်ရမည်။ အားအားနဲ့ ညည်းရလောက်အောင် သဘောကျနေခဲ့သည်။

"လူတစ်ယောက်ကို သဘောကျတယ်ဆိုတာ ဘယ်လိုခံစားချက်လဲ"

ပျန်းနမ် ဝမ့်ဖေးကို မေးသည်။

《Wolf pair》- ဘာသာပြန်जहाँ कहानियाँ रहती हैं। अभी खोजें