Chapter - 22

299 56 2
                                    

Chapter ● 22 ●

ပျန်းနမ်နှင့်ဝမ့်ဖေးတို့နှစ်ယောက်သားသည် ရှစ်ခေါက်ချိုးမျက်နှာထားနှင့် သုန်မှုန်ကြမ်းကြုတ်သောအမူအရာဖြင့် ဒိုင်ယာလော့များ ပြောပြီးသွားပြီးနောက် ဝင်းခြံမှာ တိုတောင်းသော တိတ်ဆိတ်မှုထဲ ကျရောက်သွားတော့သည်။

ဤလူများမှာ ကျွမ်းကျင်အဆင့် လူရမ်းကားများ မဟုတ်နေကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာနေသည်။ သာမန်ပြည်သူနှင့် သာမန်ပြည်သူတို့၏ သာမန်မိတ်ဆွေသူငယ်ချင်းများသာ ဖြစ်ကြသည်။ ပုံသဏ္ဌာန်အနေအထားအရဆိုလျှင် ပျန်းနမ်နှင့်ဝမ့်ဖေးတို့ကို သေချာပေါက် လုံးဝမယှဥ်နိုင်ချေ။

ပဍိပက္ခသဘောကို ပိုမိုအားကောင်းစေရန်အတွက် ပျန်းနမ်သည် တုတ်ချောင်းကို ကိုင်ပြီး ချိုးယိရှေ့သို့ လျှောက်လာခဲ့သည်။ တုတ်ချောင်းဖြင့် ချိုးယိကို ပွတ်ထိသွားလျက် ဘေးနားရှိ ထိုင်ခုံပေါ်သို့ ရိုက်ချလိုက်ပြီး ကြမ်းကြုတ်ခက်ထန်စွာ ပြောလိုက်သည်။

"ဒီနေ့ ပိုက်ဆံမပေးရင် ငါ မပြန်တော့ဘူး"

"ပိုက်ဆံ ထုတ်မပေးရင် ဘယ်သူမှလည်း ထွက်မသွားရဘူး"

ဝမ့်ဖေးသည် လက်နောက်ပြန်ပို့ပြီး ချိုးယန့်အား ခြံထဲ ဆွဲသွင်းလာပြီးနောက် ခြံတံခါးပေါ် တစ်ချက်ကန်ထည့်လိုက်ရင်း -

"ကျွန်တော်တို့လည်း လွယ်နေတာမဟုတ်ဘူး။ ပူပူအိုက်အိုက်ကြီးမှာ သွားလိုက်ပြန်လိုက် ပြေးနေရတာ။ လမ်းသွယ်ထိပ်မှာ အပေါင်းအပါတွေ စောင့်နေသေးတယ်။ ဒီနေ့ ပိုက်ဆံနည်းနည်းပါးပါး ထုတ်မပေးလို့ ကျွန်တော်တို့ အလုပ်ပြီးကြောင်း မတင်ပြနိုင်ရင် ခင်ဗျားတို့လဲ ကောင်းကောင်းနေရဖို့ မစဥ်းစားနဲ့"

လမ်းသွယ်ထိပ်တွင် လူတစ်သိုက် စောင့်နေသေးကြောင်းကို ကြားမိသည်နှင့် အမျိုးသားတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး -

"ငါတို့လည်း ပိုက်ဆံလာတောင်းတာ"

"အဲဒါတွေ ကျွန်တော် ဂရုမစိုက်ဘူး။ ခင်ဗျားတို့ ပိုက်ဆံတောင်း‌တာ ဟုတ်ဟုတ်မဟုတ်ဟုတ် ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး"

《Wolf pair》- ဘာသာပြန်Where stories live. Discover now