Chapter ● 35 ●
ချိုးယိက ဘာကြောင့်များ ရုတ်တရက်ဆန်ဆန် အနည်းငယ်အေးစက်စက်ဖြစ်သွားလဲဆိုတာကို နောက်ဆုံးအထိ နားမလည်နိုင်ခဲ့ပေမဲ့ ပျန်းနမ်အတွက်ကတော့ သိပ်ပြီး အလေးမထားဖြစ်ပါ။ ချိုးယိတစ်ယောက် ရူးနေတာဟုသာ မှတ်ယူလိုက်၏။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်မှာ အရင်လိုအခြေအနေအတိုင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။ နေရောင်ခြည်အောက်တွင် ထိုင်ပြီး စကားလေးတပြောပြောနှင့် နားလည်ရခက်သောကသိကအောက်ဖြစ်မှုမရှိလျှင်ပဲ အဆင်ပြေနေပြီ။
သူ ဘယ်တုန်းကမှ ဒီလိုကိစ္စနှင့်ပတ်သက်ပြီး လိုက်မမေးဖြစ်ပါ။ ဒါက ငယ်စဥ်ကတည်းက ပါလာခဲ့သော အကျင့်ဖြစ်သည်။ အကယ်၍ သူသာ အမြဲတမ်း 'သူတို့ ငါ့အပေါ် ဘာလို့ဒီလိုလုပ်ရတာလဲ' ဆိုတာကို လိုက်လံမေးမြန်းနေလျှင် နောက်ဆုံးရလဒ်အနေဖြင့် သူသာ နာကျင်ရသည်။
"အခု ကျောင်းပိတ်ပြီဆိုတော့ မင်း ခါတိုင်းလို အလုပ်မများတော့ဘူးပေါ့"
ကွင်းဘေးနားတွင် ခေါက်တုံ့ခေါက်ပြန် ပြေးရင်း ဘောလုံးရိုက်နေသော ချိုးယန့်ကိုကြည့်ရင်း ပျန်းနမ်က မေးလိုက်သည်။
"ဒီလိုပါပဲ"
ချိုးယိက ရယ်လိုက်ရင်း ဆက်၍ -
"နွေရာသီပိတ်ရက်က အချိန်ပေါတယ်။ အလုပ်တစ်ခုခု ထပ်ရှာလုပ်ဖို့ အတော်ပဲ"
"ဟမ်း ..."
ပျန်းနမ်က မနေနိုင်ဘဲ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း -
"မင်း အရင်ဆုံး နည်းနည်းပါးပါးလေး နားလိုက်လို့မရဘူးလားကွာ"
"မင်း နေ့တိုင်း လေ့ကျင့်ရေးဆင်းနေရင် ပင်ပန်းတယ်ဆိုပေမဲ့ ခံနိုင်ရည်ရှိတယ်။ ဒါပေမဲ့ မင်းကို နွေကျောင်းပိတ်ရက်တစ်တွင်းလုံး နားခိုင်းပြီးမှ လေ့ကျင့်ရေး ပြန်ဆင်းခိုင်းရင် မင်း ဘယ်လိုခံစားရမလဲ"
ချိုးယိက သူ့ကို မေးသည်။
"သေချင်တာပေါ့"
ပျန်းနမ်ပြောသည်။
"ငါလည်း အတူတူပဲ"
ချိုးယိ ရယ်လိုက်သည်။
DU LIEST GERADE
《Wolf pair》- ဘာသာပြန်
JugendliteraturLang Xing Cheng Shuang (မြန်မာဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် Wu Zhe