Chapter - 53

422 70 3
                                    

Chapter ● 53 ●

ထိုစကားကြောင့် ချိုးယိတစ်ယောက် အတော်ကြာအောင် ဆွံ့အတိတ်ဆိတ်သွားပြီးမှ ပါးစပ်ဟလာခဲ့တော့သည်။

"ဒါဆို မင်း ခုနတုန်းက ဘာလို့ ပြန်သွားသေးလဲ။ ခုပဲ အိမ်ပြန်ရောက်တာကို ထပ်ထွက်လာအုံးမယ် ဟုတ်လား"

"ဘာလို့ ပေါက်ကရစကားတွေ ဒီလောက်များနေရတာလဲ"

ပျန်းနမ်က မသဲမကွဲအသံနဲ့ ဆက်ပြီး -

"ရလား မရဘူးလားပဲ ပြောစမ်းပါ"

"ဒါဆို လာခဲ့ပေါ့။ ကားမောင်းမလာနဲ့တော့၊ ကားငှားခဲ့"

ချိုးယိ ပြောသည်။

"ငါ ခဏနေလာရင် အာ့ပေါင်အတွက် ရေခဲမုန့် ယူခဲ့ပေးမယ်"

ပျန်းနမ် ခဏစဥ်းစားလိုက်ပြီးနောက် ဆက်ပြီး -

"ရေခဲမုန့် စားလို့ရတယ်မလား။ ငါကြည့်တာ ဒီနေ့ ထမင်းစားတုန်းက သူ တအားစားချင်နေတာ"

"အသေးဆုံးဟာ ဝယ်ခဲ့"

ချိုးယိ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း ပြောသည်။

"အော"

ပျန်းနမ် ပြန်ဖြေပြီး ဖုန်းချလိုက်ပြီးနောက် ပစ္စည်းတွေသိမ်းကာ ကျောပိုးအိတ်ကို လက်ကဆွဲလျက် အခန်းထဲကနေ ထွက်လာခဲ့သည်။

တံခါးဖွင့်လိုက်တာနဲ့ ပျန်းရှင်းယွီရဲ့အခန်းတံခါးရှေ့မှာ ရပ်နေတဲ့ပျန်းဟောက်ကို တွေ့ရလေသည်။

နှစ်ယောက်သား အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီးနောက် ပျန်းနမ်က ဒေါသကို ထိန်းနေသည်။ ပျန်းဟောက်သာ ပါးစပ်ထပ်ဟလာလျှင် သူလည်း လက်ပါတော့မှာကို စိတ်ထဲမှာ တွေးနေခဲ့၏။

"ထွက်သွားစမ်းပါ"

ပျန်းရှင်းယွီ အခန်းထဲမှာ ငိုနေရင်း အော်ပြောနေကာ ဆက်ပြီး -

"သူများရဲ့ကိုယ်ပိုင်ကိစ္စကို ဘယ်သူက ကိုကိုတို့ကို ဂရုစိုက်ခိုင်းနေလို့လဲ။ ကိုကိုနဲ့ ဘာဆိုင်လို့လဲ။ ထွက်သွား"

ပျန်းဟောက်တစ်ယောက် ပျန်းနမ်ကို အရေးလုပ်ဖို့တောင် မအားဘဲ ပျန်းရှင်းယွီအခန်းတံခါးကို ခေါက်လိုက်ရင်း -

《Wolf pair》- ဘာသာပြန်Όπου ζουν οι ιστορίες. Ανακάλυψε τώρα