Chapter - 57

574 104 10
                                    

Chapter ● 57 ●

သူ့အခန်းထဲကို ပြန်ရောက်တော့ ပျန်းနမ်သည် ပြတင်းပေါက်ဘေးနားတွင် အတော်ကြာအောင် ရပ်နေမိသည်။

ဤသည်မှာ သူ့အဖေနှင့် ပထမဆုံးအချိန် ကတောက်ကဆတ် ဖြစ်ဖူးခြင်းဖြစ်သည်။ ...... ကတောက်ကဆတ်လို့ ပြောလို့ရလောက်မယ်ထင်သည်။

ငယ်စဥ်ကတည်းက ကြီးလာတဲ့အထိ သူသည်လည်း လိမ္မာသည့်ကလေး မဟုတ်ခဲ့ပါ။ အပြင်တွင် တခြားကလေးများနှင့်ရန်ဖြစ်ခဲ့ဖူးသလို အိမ်တွင်လည်း ပျန်းဟောက်နှင့် ရန်ဖြစ်ဖူးသည်။ သို့သော် သူ့အဖေ သူ့ကို ဆုံးမတိုင်း သူ အမြဲ တိတ်တဆိတ်သာ နေတတ်သည်။

စိတ်ထဲတွင် ဘယ်လောက်ပဲအလိုမကျနေပါစေ၊ မတရားခံနေရပါစေ စကားမပြောဘဲ တိတ်တိတ်နေဖို့ကို သူ အကျင့်ဖြစ်နေခဲ့သည်။ သူ့အဖေ ဆူပူကျိန်းမောင်းပြီး၍ သက်ပြင်းမှုတ်ထုတ်ပြီးမှ သူလည်း စိတ်သက်သာရာပြီး လွန်မြောက်သွားပြီလို့ ခံစားရတတ်စမြဲပင်။

ဤအိမ်ကို မရောက်လာခင်အချိန်က ကိစ္စတွေကို သူ အခု သေချာမမှတ်မိနေတော့ပါ။ သို့သော် သူ၏ဆတ်ဆတ်အထိမခံသော စိတ်အစဥ်ကြောင့် သူ့ဖြစ်တည်မှုဖြစ်သည့် သူဟာ ဘယ်သူမှမကြိုဆိုသော အဖျက်သမားက မွေးထားသောကလေးဖြစ်ကြောင်း သူ့အဖေ သူ့ကို ဤအိမ်ဆီသို့ ခေါ်လာသည့်အချိန်မှစပြီး သိရှိခဲ့ရသည်။

သူ့အဖေက သူ့ကို ဘယ်လိုပဲ ပြုမူဆက်ဆံပါစေ၊ သူသည် ပျန်းဟောက်နှင့်ပျန်းရှင်းယွီတို့ကဲ့သို့သော စိတ်ပေါ့ပါးမှုမျိုး ဘယ်တုန်းကမှ မရှိခဲ့ချေ။

တီတီတာတာ ချွဲခြင်း၊ ဂျီကျခြင်း၊ အကျိုးသင့်အကြောင်းသင့်မရှိခြင်း၊ တဇွတ်ထိုးဆန်ခြင်း ...... အစရှိသဖြင့် သာမန်မိသားစုမှ ကလေးတွေ သူတို့မိဘတွေအပေါ် ပြုမူသော အပြုအမူများကို သူ တစ်မျိုးမှ မလုပ်တတ်ချေ။ အန်တီ့အပေါ် ဒီလိုလုပ်ဖို့ မဖြစ်နိုင်သလို သူ့အဖေအပေါ် ဒီလိုမျိုး သူ မလုပ်နိုင်ချေ။

ဖြေဖျောက်၍မရသော ဒေါသတွေရှိလျှင် လူသူကင်းမဲ့ချိန်တွင် သူ့ဘာသာသူ နံရံကို ကန်လိုက်တာပဲဖြစ်ဖြစ် ပစ္စည်းတစ်ခုခု ပစ်ပေါက်လိုက်တာဖြစ်ဖြစ် ဒေါသဖြေလိုက်တတ်သည်။

《Wolf pair》- ဘာသာပြန်Donde viven las historias. Descúbrelo ahora