Chapter - 63

549 118 12
                                    

Chapter ● 63 ●

ပျန်းနမ် ခုတင်ပေါ်တွင် မိနစ်အတော်ကြာအောင် လှဲနေပြီး နောက်ဆုံးတော့ ထထိုင်လိုက်ကာ အသံမထွက်အောင် တိုးတိုးဖွဖွဖြင့် ခုတင်ပေါ်မှ ဆင်းလိုက်သည်။

အမှန်တကယ်တော့ သူတို့အိပ်ဆောင်ထဲက သုံးလေးယောက်တို့မှာ အားလုံးက အအိပ်မဆတ်မကြချေ။ လူတစ်ယောက် လမ်းလျှောက်သည့်အသံတောင် မဆိုထားနှင့်အုံး၊ ခွေးခြေခုံ လဲကျလျှင်တောင် သူတို့ကိုယ်ပေါ် လဲကျခြင်းမဟုတ်သရွေ့ နိုးတတ်ကြသူများ မဟုတ်ပါ။

ခါတိုင်း ပျန်းနမ် ညလယ်ခေါင် ခုတင်ပေါ်မှဆင်းလျှင် အမြဲတမ်းပင် သူ လျှောက်တတ်သလိုသာ လမ်းလျှောက်လေ့ရှိပါသည်။ တခါတလေ အပေါ့သွားချင်လွန်း၍ တစ်လမ်းလုံး ခုံတွေ ဇလုံတွေ အစရှိသဖြင့် မြင်သမျှ ကန်မိသွားတောင် ဘာမှမဖြစ်ချေ။

သို့သော် ဒီနေ့တော့ ထိုသို့လုပ်ဖို့ မဖြစ်ချေ။

သူသည် အကြောင်းရင်းမဲ့စွာပင် ခြေဖျားထောက်၍ ထွက်လာဖို့ စိတ်ပြောင်းလိုက်သည်။ အိပ်ဆောင်အပြင်ရောက်လာတော့မှ သူသည် သူများအိမ်ကနေထွက်လာသည့် သူခိုးတစ်ယောက်လို သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

သူ ဘာတွေဖြစ်နေသလဲဆိုတာ ပျန်းနမ်ကိုယ်တိုင်လည်း မသိတော့ပါ။ ဗီဒီယိုဖိုင်လေးတစ်ခု ကြည့်မိတာ သူခိုးလိုအခြေအနေအဖြစ် ပြောင်းလဲသွားသည်။ ထို့ပြင် ဘာမှလည်း မခိုးဖြစ်ဘဲ သောက်ကျိုးနည်း လက်ဗလာနဲ့ ဖြစ်နေသေးသည်။

သူ့အပေါ် ဗီဒီယိုဖိုင်၏ရိုက်ခတ်မှုက အတော်လေး ကြီးသွားတယ်လို့သာ ပြောရမည်။

ဤမျှ အေးစိမ့်ချမ်းစီးနေသော ရာသီဥတုထဲတွင် သူသည် အတွင်းခံဘောင်းဘီတိုလေးသာ ဝတ်လျက် အိပ်ဆောင်ထဲနေ ဖြည်းဖြည်းနှေးနှေး ထွက်လာပြီး ကော်ရစ်ဒါကို ဖြတ်ကာ သန့်စင်ခန်းထဲ ဝင်လာခဲ့သည်။ ဘောင်းဘီထဲက မြှောက်လျက်ရှိနေဆဲ သေနတ်တောင် လွှမ်းမိုးသက်ရောက်မှု နည်းနည်းလေးတောင် မခံရချေ။

သူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဘေစင်တွင် ခါးကိုင်း မှောက်လိုက်၍ ခေါင်းကို ထိုးထည့်လိုက်ပြီးနောက် ရေဘုံဘိုင် ဖွင့်လိုက်သည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now