Chapter - 80

473 120 21
                                    

Chapter ● 80 ●

ယနေ့တော့ ရာသီဥတု သာယာနေသည်။ အပူချိန်ဒီဂရီက နိမ့်ပါးနေဆဲဖြစ်သည့်တိုင် နေရောင်ခြည်က လင်းချင်းစွာ တောက်ပလို့နေပြီး လေတိုက်လည်း မပြင်းထန်ချေ။

အပြင်မထွက်ခင်တွင် ချိုးယန့်တစ်ယောက် စိတ်လှုပ်ရှားလွန်းစွာ အိမ်ထဲ လှည့်ပတ်ပြေးလွှားနေ၍ တစ်ကိုယ်လုံး ချွေးတွေ စိုရွှဲနေတော့သည်။ ထို့ကြောင့် ချိုးယိထံမှ မိနစ်နှစ်ဆယ် မတ်တတ်ရပ်ရန် အပြစ်ပေးခံလိုက်ရ၏။ သူ့ကိုယ်မှ ချွေးတွေ ခြောက်သွားတော့မှ အနွေးထည်ရှည်တစ်ထည်ထဲ ပတ်ထုပ်၍ အပြင်ထွက်လာခဲ့သည်။

"ငါ့ကို အနီရောင်ဂွမ်းကပ်အနွေးထည် ထပ်ဝယ်မလာပေးနဲ့တော့နော်"

ဖေဖေချိုးက အခန်းထဲကနေ တစ်ခွန်း အော်ပြောလာသည်။

"ဟုတ်ကဲ့ပါ"

ချိုးယန့်က အလွန်ကျယ်လောင်စွာ ပြန်ဖြေလိုက်ပြီး ခြံပြင်ကို ပြေးထွက်လိုက်ပြီးမှ တစ်ခွန်းထပ်အော်ပြောပြန်သည်။

"ဒါဆို ပန်းရိုက်ဂွမ်းအင်္ကျီ ဝယ်လာပေးမယ်"

"ဘယ်လိုအကြိုက်မျိုးလဲကွာ ဒါကြီးက ......"

ပျန်းနမ် သက်ပြင်းတစ်ချက်မှုတ်ထုတ်သည်။ ချိုးယန့်တစ်ယောက် ခြံအပြင်ဘက် ပြေးထွက်သွားတာကို မြင်တော့ ပျန်းနမ်သည် ခြံတံခါးဘေးနားတွင် အမြန်သွားရပ်လိုက်ပြီး ချိုးယိအား လက်ယပ်ခေါ်လိုက်ကာ -

"မြန်မြန် အချစ်ကလေး တစ်ချက်လောက် အာဘွားပေးရအောင်"

ချိုးယိက နောက်ကို တစ်ချက်လှည့်ကြည့်လိုက်တော့ ပျန်းနမ်က ကျွတ်ခနဲ စုတ်သပ်လိုက်ပြီး -

"မြန်မြန်လာစမ်းပါ။ တံခါးခံနေတယ် မမြင်ရဘူး"

ချိုးယိပြုံးလိုက်ပြီး သူ့နား လျှောက်သွားလိုက်ကာ တစ်ခါတည်း ခြံတံခါးကိုပါ ပိတ်လိုက်သည်။ ထို့နောက် ပျန်းနမ်၏နှုတ်ခမ်းပေါ်ကို အားပါစွာ အသံမြည်သည်အထိ နှစ်ချက် နမ်းလိုက်လေသည်။ နှုတ်ခမ်းကိုတောင် ခပ်ဖွဖွ လျက်လိုက်သေးကာ -

"ဒီလိုဆို ရလား"

"ရတယ်။ ဟား..."

ပျန်းနမ် သဘောကျစွာ လက်ဖျောက်တစ်ချက်တီးလိုက်ပြီး -

《Wolf pair》- ဘာသာပြန်Where stories live. Discover now