Chapter - 75

478 105 10
                                    

Chapter ● 75 ●

ရုပ်ရှင်ရုံမှထွက်လာသည့်အချိန်တွင် ဆယ့်တစ်နာရီကျော်နေပြီဖြစ်ကာ အပူချိန်လည်း အတော်နိမ့်နိမ့်အထိ ကျဆင်းသွားသည်။ သို့သော်လည်း နှစ်ယောက်တစ်တွဲ စုံတွဲများကတော့ နည်းတော့ မနည်းသွားပါ။

"ကားငှားပြီး ပြန်ရအောင်"

ပျန်းနမ် လည်ပင်းကို ကျုံ့၍ ပြောသည်။

"အင်း မင်းကို အရင်ပြန်ပို့မယ်"

ချိုးယိ ဖုန်းယူထုတ်ကြည့်လိုက်တော့ ဖုန်းမျက်နှာပြင်ပေါ်တွင် မကိုင်ဖြစ်လိုက်သော ချိုးယန့်၏ ဖုန်းခေါ်ဆိုမှုများ ရှိနေရာ သူ ပြန်ဆက်လိုက်ပြီး မကြာမီ အိမ်ပြန်လာမည့်အကြောင်း ချိုးယန့်အား ပြောပြလိုက်သည်။

"မင်းကို အရင်ပို့မယ်"

ပျန်းနမ် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ တကယ်တော့ နှစ်ယောက်သား ကိုယ့်ဘာသာကိုယ် ပြန်လိုက်လျှင် အမြန်ဆုံးဖြစ်၏။ သို့သော် နှစ်ယောက်စလုံး ဘယ်သူမှ ထိုအတွေးမရှိကြဘဲ -

"အာ့ပေါင် လောနေလောက်ပြီ"

"ကိစ္စမရှိဘူး။ ငါ သူ့ကို ပြောတောင် ပြောလိုက်ပြီးပြီလေ"

ချိုးယိ ရယ်၍ ပြောသည်။

"အပိုတွေ ပြောမနေနဲ့တော့"

ပျန်းနမ်က လမ်းဘေးနားတွင် စောင့်နေသော အငှားကားတစ်စီး၏တံခါးကို ဆွဲဖွင့်လိုက်ပြီး -

"ငါ့ကို လာပြီး ချေးလို အမျိုးကောင်းသားလုပ်ပြနေတာလား"

"ဟုတ်ပါပြီ"

ချိုးယိ ကားပေါ် တက်လိုက်သည်။

ကားဆရာထဲတွင် တိတ်ဆိတ်သည့်သူကို ကြုံခဲလှသည်။ ယခုလို စကားတစ်ခွန်းတောင်မဟသည့် ကားဆရာကို ပျန်းနမ်က ပထမဆုံး ကြုံဖူးခြင်းတောင် ဖြစ်တော့သည်။ ဒီလူ ပြန်ပေးဆွဲပြီး ဓားပြတိုက်တော့မလားလို့တောင် သူ့မှာ သံသယဝင်မိရသည်။

ကားဆရာက ရေဒီယိုအသံလွှင့်မှုတစ်ခု ဖွင့်ထားပြီး နှလုံးသားရေးရာခံစားချက်အစီအစဥ်တစ်ရပ်ကို နားထောင်နေသည်။ အမျိုးသမီးတင်ဆက်သူက မဆိုစလောက်လေး စိတ်ထိခိုက်ပြီး ဟန်လုပ်ထားရမှုတို့ ပါဝင်နေသည့် လေသံဖြင့် လောကတစ်ခွင်ရှိ ချစ်သူစုံတွဲတို့ နေရာအနှံ့ခုန်ပေါက်ပြေးလွှားနေသည့် ယခုကဲ့သို့သော နေ့ရက်မျိုးတွင် လမ်းခွဲထားသောသူများနှင့် တစ်ကိုယ်တည်းသမားတို့၏ နာကျင်မှုအကြောင်းကို ပြောပြနေသည်။

《Wolf pair》- ဘာသာပြန်Onde histórias criam vida. Descubra agora