Chapter - 65

647 125 13
                                    

Chapter ● 65 ●

မနက်ခင်း ပျန်းနမ် နိုးလာ၍ စောင်ထဲ ကွေးရင်း ပြန်အိပ်နေချိန်တွင် နားထဲသို့ ဝမ့်ဖေး၏ အော်ဟစ်လိုက်သံက ရုတ်တရက် ပျံ့လွင့်လာသည်။

"ဟားဟား ဟားဟားဟား နှင်းကျပြီ"

"ဟမ်း ......"

ပျန်းနမ် စောင်ကို ဆွဲပြီး ခေါင်းမြီးခြုံလိုက်တော့၏။ သူ လွန်စွာမှ အိပ်ငိုက်နေသည်။

မနေ့ညတုန်းက ချိုးယိ အလုပ်ကနေ ပြန်ရောက်ပြီးနောက်ပိုင်း သူတို့နှစ်ယောက် တစ်နာရီကျော် ဖုန်းပြောဖြစ်ကြသည်။ နှစ်နာရီထိုးခါနီးအထိ ပြောနေကြပြီးမှ ဖုန်းချလိုက်ခြင်းဖြစ်ရာ ချိုးယိက ချက်ချင်းအိပ်သွားသလားဆိုတာတော့ ပျန်းနမ်မသိပေမဲ့ သူကတော့ အတော်ကြာ ပြန်စမြုံ့ပြန်နေပြီးမှ အိပ်ပျော်သွားခြင်း ဖြစ်သည်။ လက်ရှိတွင် မနက်ငါးနာရီဝန်းကျင်အချိန်ဖြစ်နေ၍ အိပ်အငိုက်ဆုံးသောအချိန် ဖြစ်နေတော့၏။

"သက်ပြင်းချမနေနဲ့တော့။ အိပ်ရာထတော့"

ဝမ့်ဖေးက စောင်ပေါ်ကနေ သူ့ကို တဖတ်ဖတ် ပုတ်လိုက်ပြီးနောက် ပြတင်းပေါက်နား သွားရပ်ကာ ဖွင့်ဖို့ လုပ်လိုက်ရင်း -

"ဒီနှစ် နှင်းကျတာ တအားနောက်ကျတာပဲ။ မကြာခင်မှာပဲ နယူးရီးယား ရောက်တော့မယ်"

"အပြေးလေ့ကျင့်ခန်း မလုပ်ရတော့ဘူးလို့ လောင်ကျန် အကြောင်းမကြားဘူးလား။ နှင်းကျတာ ဒီလောက်ပြင်းနေတာ"

စွင်းယိဖန်က စောင်ကို ကိုယ်တွင် ပတ်ခြုံထားလျက် အိပ်ရာပေါ် ထိုင်နေရင်း ပြောသည်။

"စိတ်ကူးယဥ်မနေနဲ့တော့။ မနှစ်က နှင်းမုန်တိုင်းကျတဲ့ရက်ပိုင်းတွေတောင် ငါတို့ ခါတိုင်းလိုပဲ ပြေးရတာပဲ မဟုတ်ဘူးလား"

ကျူးပင်းက စောင်ထဲကွေးနေလျက် ပြောသည်။

"ဟုတ်သားပဲ။ အဲဒီနေ့တုန်းက ပျန်းနမ်တောင် ခွေးချေးပုံသွားဟပ်သလို လဲကျသွားသေးတယ်လေ"

ဝမ့်ဖေး ထိုအကြောင်းတွေးမိတာနဲ့ အတောမသတ်နိုင်အောင် အူမြူးသွားသည်။

"ဟေ့ရောင် မင်းပဲ ခွေးချေး သွားဟပ်"

ပျန်းနမ် စောင်ကို လှပ်ပြီး ထထိုင်လိုက်ကာ သူ့ကို လက်ညှိုးထိုးလိုက်ရင်း -

《Wolf pair》- ဘာသာပြန်Where stories live. Discover now