Chapter - 15

327 59 6
                                    

Chapter ● 15 ●

"သာ့ဟူကျစ်၊ အစ်ကိုလည်း မိုးခြိမ်းသံ ကြောက်တယ်လား"

အိမ်ထဲခုန်ဝင်လာသော ပျန်းနမ်ကိုကြည့်ပြီး ချိုးယန့်က အသံထွက်သည်အထိ ကျယ်လောင်စွာ အော်ရယ်နေသည်။

"မကြောက်ဘူး။ မင်းကြောက်လို့လား"

ပျန်းနမ်က ကျွတ်ခနဲစုတ်သပ်လိုက်သည်။ မိုးချိန်းသည်ကို ကြောက်ရွံ့ခြင်းမဟုတ်ဘဲ မိုးခြိမ်းသံကြားလျှင် စိတ်လုံခြုံမှုပျောက်ပြီး အခြေမမြဲမြံသလိုခံစားရသည်ဟု သူ ပြောပြ၍မရနေပေ။ အကယ်၍ သူ အိပ်စက်နေချိန် မိုးချုန်းလျှင် လမ်းမပေါ် ထွက်အိပ်စက်နေရသလို ခံစားရတတ်သည်။

"သားက ကြောက်စရာလား"

ချိုးယန့်က ပြတင်းပေါက်ကို ပိတ်လိုက်ပြီးနောက် ချိုးယိကို လက်ညှိုးထိုးလျက် -

"သားကိုကိုက ကြောက်တာ"

"ပါးစပ်ပိတ်စမ်း"

ချိုးယိက ဝှီးချဲကို မှီထိုင်နေလျက် ပြောလိုက်သည်။

"အိုက်ယိုး ... ဟုတ်လား"

ပျန်းနမ်မှာ ချက်ချင်းပင် စိတ်ဓါတ်တက်ကြွလာပြီး အတော်ကြာအောင် အူမြူးနေလိုက်ပြီးမှ -

"ချိုးသာ့ပေါင် မင်း မိုးချုန်းတာကို ကြောက်တယ်ပေါ့လေ"

"မင်းက ပြန်မှာလား မပြန်တော့ဘူးလား"

ချိုးယိက သူ့ကို ကြည့်နေသည်။

"မိုးနည်းနည်းစဲတဲ့အထိ စောင့်ပြီးမှ ပြန်လို့ မရလို့လား"

ပျန်းနမ်က ပြတင်းပေါက်နားသို့ လျှောက်သွားပြီး အပြင်ဘက်ဆီ လှမ်းကြည့်လိုက်ရင်း -

"လခွမ်း ... ဒီမိုးက ကန့်လန့်ဖြတ်တစောင်းကြီး ရွာချနေတာဟ၊ လေ့ကျင့်ခဲ့ဖူးသမျှက ကန့်လန့်ဖြတ်ကန်ချက် အကွက်တွေချည်းကို"

[T/N : ကန့်လန့်ဖြတ်ကန်ချက် (扫膛腿, ground sweeping) ဝူရှူးသိုင်းကွက်ပါ။ ဒီအထဲမှာကတော့ မိုးက တည့်တည့်မရွာချဘဲ တစောင်းရွာချနေတော့ သူလေ့ကျင့်ခဲ့ဖူးတဲ့အကွက်နဲ့ မကိုက်ညီနေတာကို ဆိုလိုတာပါ။]

《Wolf pair》- ဘာသာပြန်Where stories live. Discover now