Chapter - 26

312 45 0
                                    

Chapter ● 26 ●

ချိုးယန့်က ရေဆော့ရတာကို နှစ်သက်သည်။ ယခင်တစ်‌ခေါက် မိုးပြင်းရွာသွန်းစဥ်က မိုးရေထဲတွင် အော်ဟစ်လိုက်ခုန်ပေါက်လိုက်ဖြင့် စိတ်လှုပ်ရှားတက်ကြွနေသည်ကိုကြည့်လျှင်တောင် သိနေရပြီ။ ယခု ရေသွားကူးရန် ချိုးယိ သဘောတူလိုက်သည်ကို ကြားသောအခါ သူကောင်းသားလေးမှာ စိတ်လှုပ်ရှားလွန်းပြီး ကိုယ်ကို အလှည့်တွင် စားပွဲကို တိုက်မိသွားရန် နည်းနည်းလေးသာ လိုသွားတော့သည်။

သူ၏ပျော်ရွှင်နေသောစိတ်ကလေးကို ပျန်းနမ် မဖျက်ဆီးပစ်လိုပေ။ ချိုးယန့်တစ်ယောက် အိမ်ထဲ ပြေးဝင်သွားပြီး ရေကူးဘောင်းဘီသွားရှာတော့မှသာ သူသည် ချိုးယိဘက်သို့ လှည့်ကြည့်လိုက်ကာ အတော်ကြာအောင် ချုပ်တည်းပြီးမှ ပြောလာသည်။

"အားကစားကျောင်းသားဆိုတာနဲ့ ရေကူးတတ်ရမယ်လို့ ဘယ်မေဘေးက သတ်မှတ်ထားလို့လဲ"

"ဒါဆို မင်း သူနဲ့ အဖော်လိုက်သွားမလား"

ချိုးယိက အိမ်ထဲဆီ တစ်ချက်ကြည့်လိုက်ပြီး ရယ်ရင်း မေးလိုက်သည်။

"သွားမယ်လေ။ အလွန်ဆုံးမှ ငါ ရေထဲ မဆင်းရုံပေါ့"

ပျန်းနမ်က သူ့အား ပေစောင်းစောင်းကြည့်နေရင်း ဆက်၍ -

"မင်း မရယ်ဘဲနေလို့ ရမလား။ ရယ်လိုက်ရင် လူကောင်းနဲ့ နည်းနည်းလေးမှကို မတူဘူး"

"ဪ"

ချိုးယိက အပြုံးကို သိမ်းလိုက်ပြီး နှစ်စက္ကန့်ခန့် ကြာသွားပြီးနောက် အူမြူးလာပြန်သည်။

"ရေမကူးတတ်တာ ဘာရယ်စရာရှိလို့လဲ။ မင်းတောင် တင်းနစ်မရိုက်တတ်ဘဲနဲ့။ ငါ အာ့ပေါင်ကို ခေါ်ပြီး တင်းနစ်သွားရိုက်ရင် မင်း မလိုက်ဘဲ နေဖို့လား"

ပျန်းနမ်က စားပွဲကို တစ်ချက် ကန်လိုက်သည်။

"မင်း ရေထဲ မဆင်းဘူးပေါ့။ ဘေးနားကနေပဲ ကြည့်မယ်ပေါ့ ဟုတ်လား"

ချိုးယိက မျက်နှာကို သပ်လိုက်သည်။

"...... ရေထဲ ဆင်းတာကလည်း ဘာများ ကြီးကျယ်နေလို့လဲ။ ငါက ရေပဲ မကူးတတ်တာ၊ ရေကြောက်နေတာမှ မဟုတ်တာကြီးကို။ ရေထဲဆင်းပြီး ဒီအတိုင်း ရပ်နေလို့ မရလို့လား"

《Wolf pair》- ဘာသာပြန်Where stories live. Discover now