Chapter - 41

316 58 8
                                    

Chapter ● 41 ●

ပျန်းနမ် ကားမောင်းလာလျက် လမ်းသွယ်ထိပ်တွင် ကားရပ်စရာနေရာ ရှာမတွေ့ ဖြစ်နေသည်။ နောက်တစ်ပတ် ထပ်ပတ်မောင်းပြီး ပါကင်ရှာဖို့ စဥ်းစားနေဆဲမှာပဲ ကျောပိုးအိတ်လေးပိုးလျက် လမ်းသွယ်ထိပ်မှာ ရပ်နေတဲ့ချိုးယန့်ကို တွေ့လိုက်ရသည်။

သူ ကားကို ချိုးယန့်ဘေးသို့ ကပ်မောင်းသွားပြီး ကားပြတင်းမှန်ချကာ အော်ပြောလိုက်သည်။

"အာ့ပေါင်"

"သာ့ဟူကျစ်"

ချိုးယန့် ပြေးလာပြီး ခြေဖျားလေးထောက်ကာ ကားထဲ လှမ်းကြည့်လာရင်း -

"သားတို့ ကားမောင်းသွားမှာလား။ အစ်ကို ကားမောင်းမှာလား"

"ကားပေါ်တက်"

ပျန်းနမ် လက်ဆန့်ပြီး ဒရိုင်ဘာဘေးခုံတံခါးကို ဖွင့်ပေးလိုက်ကာ -

"ကားပါကင်လိုက်ရှာဖို့ ငါနဲ့လိုက်ခဲ့"

ချိုးယန့် ကားပေါ် တက်လာပြီး ကားတံခါး ပိတ်လိုက်ပြီးနောက် ခုံပေါ်တွင် ဒူးထောက်ထိုင်လျက် စူးစမ်းလိုစိတ်အပြည့်ဖြင့် ဟိုဘက်ဒီဘက် ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေရင်း -

"ဒီကားက အစ်ကိုတို့အိမ်ကလား။ မျောက်ဖက်တီးတို့အိမ်ကကားထက် အများကြီး ကြီးတာပဲ။ အရမ်းကောင်းတယ်"

"အင်း ငါ့အဖေကား။ သူ့ဆီက ငှားလာတာ"

ပျန်းနမ် ရယ်ရင်း ကားခေါင်မိုးပေါ်က ပြတင်းပေါက်ကို ဖွင့်လိုက်ကာ -

"အပေါ်တက်ပြီး ကြည့်ကြည့်မလား"

ချိုးယန့်က ထိုင်ခုံပေါ် တက်ရပ်ပြီး ခေါင်းကို ကားခေါင်မိုး၏ပြတင်းပေါက်ပေါ် ပြူထုတ်လိုက်ကာ စိတ်လှုပ်ရှားစွာ ဘေးနှစ်ဖက်ကို ကြည့်နေသည်။

ပျန်းနမ် ကားမောင်းလျက် နောက်တစ်ပတ် ထပ်ပတ်မောင်းလိုက်ပြီးနောက် နောက်ဆုံးမှာတော့ ကားတစ်စီး စက်နှိုးပြီး မောင်းထွက်ဖို့ ဟန်ပြင်နေတာကို တွေ့လိုက်ရသည်။ ဒီလိုနဲ့ ကားကို ဘေးသို့ ကပ်လိုက်ပြီး ထိုကား ထွက်တာနဲ့တပြိုင်နက် တိုးဝင်သွားလိုက်သည်။

《Wolf pair》- ဘာသာပြန်Where stories live. Discover now