Chapter - 52

452 65 0
                                    

Chapter ● 52 ●

ပျန်းနမ်နှင့် ချိုးယိတို့ ရေကန်ဘေးနားတွင် လက်ဖက်ရည်သောက်လိုက် အချိုပွဲ စားလိုက်ဖြင့် တစ်ခါတစ်ခါမှာတော့ ဟိုဟိုဒီဒီ ရောက်တတ်ရာရာ စကားပြောကြကာ အချိန်အတော်ကြာတဲ့အထိ ဖြစ်သည်။

ပုံမှန်အချိန်သာဆိုလျှင် ပျန်းနမ်သည် ယခုကဲ့သို့ လက်ဖက်ရည်အိုးတစ်အိုးနဲ့အတူ ကန်ရေကို ထိုင်ငေးရင်း နာရီအတော်ကြာအောင် ထိုင်ရလျှင် ရူးသွားလောက်မည်ထင်သည်။ သို့သော် ဒီနေ့မှာတော့ ထိုကဲ့သို့ မခံစားရဘဲ နေရောင်အောက်တွင် ထိုင်ရတာ သက်သောင့်သက်သာရှိလွန်း၍ အိပ်တောင်ပျော်သွားခဲ့သည်။

ညနေ သုံးနာရီခွဲအချိန်တွင် ချိုးယိက သူ့ပခုံးကို တွန်းလိုက်တော့မှ ပျန်းနမ် ဝုန်းခနဲ နိုးလာတော့ကာ ထခုန်ပြီး အော်ပြောလာသည်။

"သေပြီ။ အာ့ပေါင်ကို ကြိုဖို့ နောက်ကျပြီထင်တယ်"

"...... နောက်မကျဘူး"

ချိုးယိ သူ့ကို ကြည့်ရင်း ဆက်၍ -

"ငါ ဒီမှာ အချိန်ကြည့်နေသားပဲ။ အခုသွားရင် အတော်ပဲ"

"အော"

ပျန်းနမ် ခေါင်းကို ကုတ်ဖွလိုက်သည်။ အိပ်ပျော်နေရင်း ရုတ်တရက် အနှိုးခံလိုက်ရသဖြင့် သူသည် အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်ကာ ချိုးယိကို အတော်ကြာ ကြည့်နေပြီးမှ ထိုင်ခုံနား ဝုန်းခနဲ တိုးကပ်ပြီး ချိုးယိရဲ့ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ဆုပ်ကိုင်ပြီး သုံးလေးခါလောက် ညှစ်ပြီးတော့မှ -

"ငါလူး"

"ဘာဖြစ်တာလဲ"

ချိုးယိ သူ့ကို ကြည့်နေသည်။

"မဟုတ်ပါဘူး"

ပျန်းနမ် အူမြူးစွာ ရယ်လိုက်ရင်း -

"အိပ်ချင်မူးတူးဖြစ်သွားလို့"

"သွားရအောင်"

ချိုးယိ မတ်တတ်ရပ်လာပြီး တဆက်တည်းမှာပင် သူ့ပခုံးပေါ် လက်တင်လာခဲ့သည်။

ကားဖြင့် ကျောင်းပေါက်ဝတွင် ငါးမိနစ်ခန့် စောင့်လိုက်ပြီးနောက် ကျောင်းဆင်းသောဂီတသံ ကြားလိုက်ရသည်။ နှစ်မိနစ်အတွင်းမှာပဲ ချိုးယန့်တစ်ယောက် ကျောင်းလွယ်အိတ်သယ်ပြီး ပြေးထွက်လာတာကို မြင်လိုက်ရကာ မျက်နှာကတော့ စိတ်လှုပ်ရှားပျော်ရွှင်စွာ နီမြန်းနေသည်။

《Wolf pair》- ဘာသာပြန်Onde as histórias ganham vida. Descobre agora