Chapter - 12

302 62 1
                                    

Chapter ● 12 ●

ထိုစကားတစ်ခွန်းကို ပြောပြီးသည်နှင့် ပျန်းနမ်သည် မီးဖိုချောင်တွင် ဝိုင်းကူညီ‌ပေးရန် ထွက်သွားလိုက်သည်။ ချိုးယိက ခုတင်ပေါ်တွင် မှီလှဲလျက် ဖတ်လက်စစာအုပ်ကိုဖွင့်လှန်ကာ ဆက်ဖတ်နေလိုက်၏။

"ကိုကို"

စက္ကန့်အနည်းငယ်ခန့်ကြာသွားပြီးနောက် ချိုးယန့်က အခန်းထဲပြေးဝင်လာပြီး -

"အမဲသားက ဘယ်လောက်ကြာကြာချက်ရတာလဲ"

မီးဖိုချောင်ဘက်ဆီမှ ပျန်းနမ်၏အော်သံတစ်သံ ပျံ့နှံ့ထွက်ပေါ်လာတော့သည်။

"မေးစရာမလိုဘူးလို့ ပြောပြီးပြီလေ။ ဘယ်လောက်ကြာကြာချက်ရမလဲဆိုတာ ငါသိတယ်"

"နာရီဝက်ဆိုရင် ရပြီ။ လေလုံပေါင်းအိုးနဲ့ချက်"

ချိုးယိက ပြုံးရင်းပြောလိုက်ပြီး လက်ဆန့်ထုတ်ကာ ချိုးယန့်နှာခေါင်းထိပ်ကို ပွတ်သုတ်ပေးလိုက်သည်။

ချိုးယန့်နှာခေါင်းထိပ်ပေါ်တွင် ချွေးစက်များအပြည့် ခိုကပ်နေကာ ကြည့်လိုက်လျှင် အလွန်စိတ်ဓါတ်တက်ကြွနေပုံပေါ်သည်။

သူတို့အိမ်ဟူသည် သာမန်အချိန်တွင် မဆိုထားနှင့်ဦး၊ နှစ်သစ်ကူးချိန်တွင်တောင် ပုံမှန်အားဖြင့် ဧည့်သည်လာလေ့မရှိပေ။ ချိုးယန့်တစ်ယောက် ယခုကဲ့သို့ အလွန်တရာမြူးထူးပျော်ရွှင်နေပြီး မရပ်မနား ပြေးဝင်ပြေးထွက်လုပ်ရင်း တောက်တိုမယ်ရများလုပ်ပေးနေသည်ကို ချိုးယိက မမြင်စဖူး ရှားရှားပါးပါးမြင်ရခြင်းဖြစ်သည်။

"သာ့ဟူကျစ်"

ချိုးယန့်က မီးဖိုချောင်ထဲသို့ ပြေးဝင်သွားပြီး -

"သားကိုကိုက ပြောတယ်၊ လေလုံပေါင်းအိုးနဲ့ နာရီဝက်လောက် ချက်လိုက်ရင် ရပြီတဲ့"

"အင်း"

ပျန်းနမ်မှာ အလွန်စိတ်ထိုင်းမှိုင်းနေသည်။ အမဲသားကို မည်မျှအထိကြာအောင် ချက်ရမှန်းကို သူတကယ်ကို မသိနေခြင်းဖြစ်၏။ သို့သော် အင်တာနက်ပေါ်တွင် သူ ရှာဖတ်ကြည့်လိုက်၍ရသည်။ ချိုးယိပါးစပ်ထဲမှ ပြောထုတ်လာခြင်းမှာ သူ့အနေဖြင့် ဘယ်လိုပဲဖြစ်ဖြစ် စိတ်ထဲ ကသိကအောက်ဖြစ်ရသည်။ ချိုးယန့်ကို ရှေ့တွင်ထားလျက် သွားပြီးတိုက်ခိုက်ရန်ကလည်း မကောင်းတတ်နေသဖြင့် သူ့မှာ ခေါင်းညိတ်ပြရုံသာ တတ်နိုင်ပြီး -

《Wolf pair》- ဘာသာပြန်Where stories live. Discover now