Chapter - 78

491 111 9
                                    

Chapter ● 78 ●

အနှီနောက်ဆုံးစကားတစ်ခွန်း ပြောထုတ်ခဲ့ချိန်တွင် အဖေသည် ဘာမှမတတ်နိုင်သော ကူကယ်ရာမဲ့မှုနှင့် ဒေါသစိတ်တို့ ပါဝင်နေခဲ့သည်။ ပျန်းနမ် သူ့အဖေကိုကြည့်ရင်း တစ်ခုခု ပြောချင်နေသည့်တိုင် ဘာမှ ပြောမထွက်လာနိုင်ပေ။

နှစ်ယောက်သား ဤသို့ မတိုးသာမဆုတ်သာအခြေအနေတွင် စက္ကန့်အနည်းငယ်ခန့် မျက်နှာချင်းဆိုင်နေခဲ့ပြီးနောက် အဖေက ခပ်လေးလေး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး သူ့ဘေးကနေဖြတ်၍ စာကြည့်ခန်းမှ ထွက်သွားကာ ဤအပေါ်ထပ်ရှိ ဝရံတာရှိရာဆီ ထွက်သွားသည်။

ပျန်းနမ် နေရာတွင်ပင် အတော်ကြာအောင် အတောင့်သား မတ်တတ်ရပ်မိနေသည်။ အဖေ၏ခံစားချက်ကို သူ ကိုယ်ချင်းစာပြီး နားလည်နိုင်စွမ်း မရှိပါ။ သူကိုယ်တိုင်ရဲ့ခံစားချက်ကိုလည်း သူ့အဖေက ဘယ်တော့မှ ကိုယ်ချင်းစာပြီး နားလည်ပေးနိုင်မည် မဟုတ်လောက်ပါ။

သူ ဖြည်းဖြည်းချင်း ကိုယ်ကိုလှည့်ပြီး စာကြည့်ခန်းထဲကနေ ထွက်လာသည်။

ပျန်းဟောက်က စာကြည့်ခန်းတံခါးကို ကျောပေးလျက် လှေကားထိပ်တွင် ထိုင်နေပြီး ပျန်းနမ် သူ့နားကနေဖြတ်ပြီး ဒုတိယထပ်ကို ဆင်းသွားသည်။

လေထုအခြေအနေက တောင့်တင်းလေးလံနေကာ တစ်အိမ်လုံး၏လေထုဖိအားက နိမ့်ပါးလွန်း၍ အသက်ရှူကျပ်စရာ ကောင်းနေတော့သည်။

ဒါတွေဟာ သူ့ကြောင့်။

သူသည် ဒုတိယထပ်၏စင်္ကြံထက်တွင် ခဏရပ်လိုက်ပြီးနောက် သူ့အခန်းထဲပြန်သွားကာ အဝတ်ဗီရိုတံခါးကို ဆွဲဖွင့်လိုက်သည်။

အဖေက သူ့ကို ထွက်သွားခိုင်းသည်။

သူ ခေါင်းရှုပ်ရသည်မှာ သူ ဒီအတိုင်းလေး ထွက်သွားရမလား သို့မဟုတ် ငြိမ်နေရမလားဆိုတာကို တကယ် မသိနေခြင်းပင်။

သို့သော် နောက်ဆုံးမှာတော့ သူသည် ဗီရိုထဲကနေ သူ့ကျောပိုးအိတ်ကို ယူထုတ်လိုက်ပြီး ရှိနေသော အဝတ်အစား လေးငါးစုံကို အိတ်ထဲ ထိုးသိပ်ထည့်လိုက်သည်။ ထို့နောက် ချိုးယိ သူ့ကို လက်ဆောင်ပေးထားသော ရွှံ့လူသားရုပ်နှင့်ဝက်ရုပ်လေးတို့ကို အိတ်တစ်လုံးထဲ ထည့်ထုပ်လိုက်ပြီး ကျောပိုးအိတ်ထဲ ထပ်ထည့်လိုက်သည်။

《Wolf pair》- ဘာသာပြန်Hikayelerin yaşadığı yer. Şimdi keşfedin