အပိုင်း(၃)

4.5K 24 0
                                    

မိသားစုဝင်အကုန် ကိစ္စပြီးတော့ အိမ်ကို ပြန်လာခဲ့ကြသည်။

ရက်လည်နေ့ထိ အိမ်မှာ ဧည့်သည်မပြတ်။

ရက်လည်ဆွမ်းကျွေးပြီးသည်နှင့် အိမ်က ရုတ်ခြည်း တိတ်ဆိတ်သွားခဲ့လေသည်။

မိသားစုတစ်ယောက်မရှိတော့သည်နှင့် လစ်ဟာသွားလိုက်သည်မှာ ဟာခနဲ့။

သတိုးလည်း စကားရှည်ရှည်ဝေးဝေးမပြောမိ။

အိပ်ယာထဲကို စောစောဝင်ခဲ့လိုက်သည်။

သူနဲ့ ကေသရီကတစ်ခန်း၊ လူပျိုပေါက်အရွယ် ရောက်စပြုနေသည့် သီဟက တစ်ခန်း အစကတည်းက အောက်ထပ်မှာ နေကြသည်။

မြနဲ့ ဒေါ်တင်မူကတော့ အပေါ်ထပ်မှာ တစ်ခန်းအတူတူအိပ်ကြသည်။

လစ်ဟာနေသော အိပ်ယာကို ကြည့်ပြီး သတိုး မိန်းမကို လွမ်းဆွတ်တမ်းတမိသည်။

အောက်မေ့လိုက်တာ မိန်းမရာ။

ပုံမှန် ခုချိန်ဆို မိန်းမနှင့် ချစ်စခန်းအတူတူနွှဲနေလေပြီ။

သူ ကြမ်းတိုင်းရမ်းတိုင်း မငြင်းမငြူ လိုက်ပါဆောင်ရွက်ပေးသော မိန်းမ။

သူရော၊ ကေသရီရောက အချစ်ဦး၊ ရည်းစားဦးတွေပင်။

ဒီတစ်ယောက်နဲ့ပဲကြိုက်၊ ဒီတစ်ယောက်နဲ့ညားခဲ့ကြသည်။

သက်ဆိုင်ရာ လူပျို၊ အပျိုစင်ဘဝကို ချစ်ရသူဆီထံမှာ အသီးသီးအပ်နှင်းခဲ့ကြတာပင်။

အိမ်ထောင်ကျစ ရင်စွင့်စွင့်၊ တင်ကားကားဖြစ်နေတုန်းကလည်း ချစ်သည်။

ကလေးမွေး၊ အသက် (၃၀)ကျော်စပြုလာတော့ ခါးမှာ အဆီတွေစုပြီး မျက်နှာ ဖောင်းဖောင်းကလေး ဖြစ်လာပြန်တော့လည်း ချစ်ရတာပင်။

ချစ်၍ ယူထားသည့် မိန်းမနှင့် သေတပန် သက်တဆုံး ပေါင်းဖက်ဖို့ ရည်စူးခဲ့တာပင်။

အခုကျ မျှော်လင့်သလို ဖြစ်မလာဘဲ တမလွန်ကို အရင်ထွက်သွားခဲ့လေပြီ။

စထွက်သူကတော့ မသိ။

ကျန်ရစ်ခဲ့ရသူက အလွမ်းတွေ တပွေ့တပိုက်နှင့်။

ခေါင်းအုံးမှာ မိန်းမကိုယ်နံ့လေးတွေ ကျန်ရစ်လို ကျန်ရစ်ငြား နမ်းရှိုက်ကြည့်ကြည့်သည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now