အပိုင်း(၈)

4.2K 11 0
                                    

အမှန်စစ်စစ်က မူယာမှာ ဘာကိစ္စမှ မရှိ။

သားဖြစ်သူ အထိုက်ကလည်း ကျူရှင်ကအပြန်ဆို အိမ်ကို ည(၆)နာရီကျော်မှရောက်နေကြ။

အခုမှ နေ့လည် (၃)နာရီသာရှိသေးသည်။

ကားပျက်နေသည်က အမှန်ပေမဲ့ တက်စီဆရာကို သင်တန်းအပြန်မချိန်းထား။

အဆင်ပြေသလို ကြည့်ကျက်ပြန်မည်ဟု အစကတည်းက တွေးထားတာပင်။

အခုတော့ သတိုးရှေ့အရောက် အမှန်နဲ့ အမှားတချို့ရောကာ လီဆယ်လုပ်ကြံလိုက်သည်။

"ပြန်ပို့လို့တော့ရတယ်...မမူယာ..ကျနော့ဆိုင်ကယ်နောက် ထိုင်လိုက်ရဲပါ့မလားပဲ"

ပြောပြောဆိုဆို သတိုးက သူ့ဆိုင်ကယ်ကို လက်ညှိုးညွှန်ပြလိုက်သည်။

ဆိုင်ကယ်က နီညိုရောင်ကလစ်ဘီး။

ဆိုင်ကယ်ထိုင်ခုံက အရှေ့သို့ ခပ်ပြေပြေလေး လျောကျနေသည်။

"ရမယ်ထင်တာပဲဆရာ.....မူယာကိစ္စက အရေးကြီးနေလို့ ပြန်မှဖြစ်မှာ"

"မမူယာ အဆင်ပြေတယ်ဆို ပြီးရောလေ......လာ......တက်"

ဆိုင်ကယ်က ခွတက်မှအဆင်ပြေမှာဆိုသော်လည်း ထမိန်ဝတ်ထားသော မူယာက ခွဖို့ရာ မဖြစ်တန်။

တင်ပါးလွှဲထိုင်လိုက်ရသည်။

"ရော့....ဦးထုပ်ဆောင်းအုံး။ ဘယ်နေရာကို ပို့ပေးရမလဲ"

"Easy mart သိတယ်မလားဆရာ။ သူ့ဘေးက လမ်းထဲဝင်ပြီး (၃)အိမ်ကျော်ကျော်လောက်မှာ...ဆရာ"

"ဪ....အင်း.....အင်း"

သတိုးက ဆိုင်ကယ်ဦးထုပ် မူယာဆီလှမ်းပေးလိုက်သည်။

ကေသရီဆုံးပြီးကတည်းက သတိုးဆိုင်ကယ်ဦးထုပ်နဲ့ပက်သက်ပြီး စိတ္တဇဖြစ်ရသည်။

ဆောင်းမှ လုံခြုံသွားသလိုမျိုး။

"ဝူး.....ဝူး"

"အိုး.....အမေ့"

မူယာက တက်လိုက်ကတည်းက ခပ်ခွါခွါထိုင်ကာ ဆိုင်ကယ်နောက်က အတန်းကို လက်နှင့်ကိုင်ထားသည်။

သို့သော် ဆိုင်ကယ်စထွက်တော့ ဆိုင်ကယ်ခုံက လျှောကျနေတော့ သူမကိုယ်လည်း သတိုးနောက်ကျောနှင့်ထိကပ်မိသည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now