အပိုင်း(၉)

4.7K 17 0
                                    

မူယာက အစကကော်ဖီဖျော်ပေးရန် အတည်လုပ်နေပေမဲ့ ဦးနှောက်ထဲ လင်းခနဲ့ မတော်တရော်အကြံအစည်တစ်ခု စိတ်ကူးမိလိုက်ခြင်းဖြစ်သည်။

တမင်တကာကို ရေနွေးအပူအလောင်ခံရန်ဖြစ်သည်။

လုပ်လည်းလုပ်ချင်ပေမဲ့ အသားနာမှာလည်းကြောက်သေးသည်။

ဓာတ်ဘူးထဲရှိ အငွေ့တထောင်းထောင်းထနေသည့် ရေနွေးပူကို ရေအေးနှင့် ရောကာ ခပ်နွေးနွေးလေးစပ်လိုက်သည်။

ပြီးမှ မိမိရင်ဘတ်ပေါ်ကို တမင်လောင်းချလိုက်သည်။

အိမ်ရှေ့တွင် ထိုင်စောင့်နေသည့် သတိုးကြားအောင် တမင်အော်ပြလိုက်သည်။

"အမယ်လေး.....ပူတယ်.....ပူတယ်"

ပါးစပ်က အော်လည်းအော်နေပေမဲ့ သဏ္ဌာန်လုပ် သရုပ်တူအောင်တမင်ဟန်ဆောင်ပြရသေးသည်။

ရေဘုံဘိုင်က ရေကိုဖွင့်ချလိုက်ကာ ရင်ဘတ်တစ်ခုလုံး ရေစိုရွှဲသွားအောင် ပွတ်ချလိုက်သည်။

စပန့်သားဝတ်ထားတော့ အင်္ကျီအသားက ရေစိုသွားသည့် အသားနှင့် တစ်သားတည်း ကပ်နေလေသည်။

အတွင်းခံဘရာဇီယာအရာက ထင်ထင်ရှားရှား။

မူယာ အပြင်က ခြေသံ တလှပ်လှပ်ကြားလိုက်ရသည်။

"ဘာဖြစ်တာလဲ...မမူယာ"

"ဆရာ"

မူယာက မျက်ရည်တွေဝိုင်းနေသည့် မျက်လုံးရွဲကြီးနဲ့ သတိုးဆီ ကြည့်လိုက်သည်။

သတိုးရင်ထဲ လှပ်ခနဲ့။

"ကော်ဖီဖျော်မလို့လုပ်နေရင်း....ရေနွေးပူလောင်သွားတာဆရာရဲ့"

"ဟင်"

မူယာကိုယ်အပေါ်ပိုင်းတစ်ခုလုံးလည်း ရေတွေစိုရွှဲနေကာ လျှို့ဝှက်အပ်သည့်အလှတရားတွေက ထင်ထင်ရှားရှားဖြစ်နေသည်။

သတိုး သတိလက်လွတ်ဖြစ်သွားကာ စူးစိုက်ကြည့်မိသည်။

"ဘယ်နေရာမှာလောင်သွားတာလဲ...မမူယာရဲ့"

"ဒီမှာလေ"

မူယာက အနည်းငယ်နီရဲနေသည့် မိမိရင်ညွန့်တဝိုက်နေရာကို ပြလိုက်သည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now