"ဟတ်ချိုး.....ဟတ်ချိုး"
"ဟင်...မကြယ်....နေမကောင်းဘူးလား"
"အင်း...Candy ရေ.....နေလို့သိပ်မကောင်းဘူး....ဒါပေမဲ့ နင်တို့ဂျာကြီးအကြောင်း သိတယ်မလား။ နားပူမခံနိုင်လို့ အတင်းအလုပ်လာရတာ"
"ဟင်း...ခက်ပါတယ်....ဒီဂျာကြီးနဲ့တော့"
နရီတို့ ဘဝမှာ နိစ္စဓူဝဖြစ်ပျက်နေကြဆိုတော့ ဒါမျိုးက မဆန်းတော့။
"ဟဲ့.....ငါ Toilet သွားအုံးမယ်"
"ကြွ...ကြွ...မယ်မင်းကြီးမရေ.....ပြီးရင် ဒီအခန်းထဲ ပြန်လာနော်...စခွီထချင်သေးလို့"
"အေးပါဟယ်"
နရီအားပါးတရ Toilet သွားပြီးနောက် အခန်းထဲပြန်အဝင်။
ဟင်။
ယောကျ်ားလေး(၅)ယောက် ရယ်လိုက်မောလိုက်ဖြင့် ဆိုင်ထဲ ဝင်လာသည်ကို တွေ့လိုက်သည်။
ထို(၅)ယောက်ထဲမှ နရီ မျက်မှန်းတန်းမိနေသည်က ဟိုလူကြီး။
ဗလကောင်းကောင်း၊ ဒေါင်ကောင်းကောင်း၊ အသားညိုညိုနဲ့ လူကြီး။
လွန်ခဲ့တဲ့ (၁)နှစ်လောက်က မမူယာအိမ်မှာ တွေ့ခဲ့တဲ့ အဲလူကြီးပါလား။
လင်သင်္ဘောတက်နေသည့် အချိန်မှာ ဆာနေသည့် မမူယာနဲ့ ခိုးစားနေတဲ့ အဲလူကြီး။
တအားကြမ်းတဲ့ လူကြီး။
အခုထိ မှတ်မိနေသေးရဲ့။
အချိန်ကြာမြင်ပေမဲ့ ဘာအကြောင်းပြချက်ရယ် မယ်မယ်ရရ မရှိပါဘဲ နရီအတွေးထဲ မှတ်မှတ်ထင်ထင်ရှိနေမိသည်။
ဟိုလူကြီးပါလား။
အဖြူရောင်ရှပ်အင်္ကျီမှာ အမည်းရောင် ဒေါက်လိုက်စည်းတွေဖြင့် လက်မောင်းရင်နားထိခေါက်တင်ထားကာ အနက်နောင် စတိုင်ပန်ဘောင်းဘီရှည်ဖြင့် တွဲဝတ်ထားသည့် သူ့ပုံရိပ်ကို နရီမှတ်မိပါ၏။
သူလည်း ရန်ကုန်ရောက်နေတာလား။
ဒါလည်း ငါ့ကိစ္စမှ မဟုတ်တာ။
တွေးရင်းနဲ့ မမူယာအိမ်ကို မုန့်ဟင်းခါးပို့ရင်း မြင်ခဲ့ဖူးသည့် အဖြစ်အပျက်ကို ပြန်သတိရပြန်သည်။
YOU ARE READING
ချစ်ဆိပ်ရည်သင့်ကြသူများ
Romanceရမ္မက်ဆန္ဒနောက် ကောက်ကောက်ပါအောင် လိုက်သူများအကြောင်း