အပိုင်း(၆၇)

2.1K 6 1
                                    

အတွေးထဲ ပေါ်လာသည့် မြ၏ အရိပ်သဏ္ဌာန်လေးကို ထကြွနေသည့်စိတ်ကို ရှဲခနဲ့ ငြိမ်သက်စေသည်။

အိမ်မှာ မိန်းမက ဗိုက်တစ်လုံးနှင့် ကျန်ရစ်ခဲ့သည်အချိန်တွင် ကိုယ်ကတော့ ကောင်မလေးအမိုက်စားနှင့် ချစ်တင်းနှောရန် ဖောက်ပြန်နေသည့်အဖြစ်။

ဦးနှောက်က ရပ်လိုက်ရန်တောင်းဆိုနေသည်။

မိန်းမဖြစ်သူအပေါ် သစ္စာစောင့်ထိန်းရန်၊ စည်းမကျော်ရန် အချက်ပြနေသည်။

သို့သော် သွေးသားဆန္ဒတွေက အရှိန်တငြီးငြီးနှင့်တောက်လောင်နေဆဲ။

လွတ်လပ်သည့်ဟိုတယ်အခန်းကျယ်ကြီးထဲ အရွယ်ရောက်ပြီးသား သန့်စွမ်းသည့် အမျိုးသားတစ်ယောက်နှင့် ဖူးအုနုဖတ်နေသည့် ကောင်မလေးတစ်ယောက်က ဆိတ်ငြိမ်ရာအရပ်သို့ ရောက်ရှိနေကြပြီ။

မည်သူမျှ မျက်လုံးထောင့်ဒေါက်ကြည့်နေခြင်းမရှိ။

မည်သူမျှ စပ်စုချင်သည့် မျက်လုံးအစုံနှင့် အကဲခတ်နေခြင်း မရှိပါ။

ဖို၊ မ နှစ်ဦးတည်းသာ ရှိနေကြသည်။

တစ်ဖက်ကောင်မလေး၏ တုံပြန်မှုကလည်း အားကောင်းလှသည်။

အင်း။

နောက်ဆုံးအနေဖြင့် သတိုးဆုံးဖြတ်ချက်ချလိုက်သည်။

ဒီအတိုင်း သစ္စာစောင့်သိသည့်ယောကျ်ားအဖြစ်ခံမလား။

သို့တည်းမဟုတ် တစ်ညတာလေး။

တကယ့်ကို တစ်ညတာလေး။

ဒီတစ်ညတာလေး တွေ့ပြီးလျှင် ပြန်ဆုံနိုင်သည့် သူတွေလည်း မဟုတ်။

မနက်မိုးလင်းရင် ကိုယ်စီဘဝထဲသို့ အသီးသီးပြန်ဝင်ရမည့်သူတွေချည်းပဲ။

ထို့ကြောင့် ဘယ်သူမှမသိလိုက်ခင်လေး စည်းဘောင်တွေကို ဖောက်ဖျက်ပစ်လိုက်ရမလား။

နောက်ဆုံးတော့ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်သည်။

ပါးစပ်နားရောက်ခါနီး၊ စားရခါနီးမှ ပုတ်ချခံလိုက်ရသည့်အဖြစ်မျိုး သတိုးမလိုလားပါ။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now