အပိုင်း(၅၉)

2.1K 9 0
                                    

"ဟင်.....တကယ်လား.....ဝမ်းသာလိုက်တာ မိန်းမရာ"

မြပေးသည့် ဆီးစစ်တံကိုကြည့်ပြီး သတိုး ဝမ်းသာသွားသည်။

သတိုး ဒီနေ့အလုပ်ကပြန်ရောက်ကတည်း မြပုံစံက တမျိုးလေးဖြစ်နေသည်ဟု ခံစားရသည်။

ညရောက်တော့ လင်မယားနှစ်ယောက်စလုံး အေးအေးလူလူရှိနေသည့်အခါမှ မြက ရုတ်တရက်ကြီး ဆီးစစ်တံကို ထိုးပြသည်။

အစကတော့ မြကမ်းပေးသည့် အချောင်းကို ဘုမသိဘမသိနှင့်ကိုင်ကာ ကြောင်နေသေးသည်။

ပြီးမှ ဆီးစစ်တံမှန်းသိလိုက်ရသည်။

ဘယ်နှစ်ကြောင်းပေါ်နေတာလဲဟု သိချင်စိတ်ဖြင့် ကြည့်လိုက်တော့...

နှစ်ကြောင်း။

အကြောင်းလေး နှစ်ကြောင်းက ထင်ထင်ရှားရှားပေါ်နေ၏။

ဒါဆို

ဒါဆို မြမှာ ကိုယ်ဝန်ရှိနေပြီပေါ့။

ဟား....ဟား...ဟား။

ငါကွ။

ဝမ်းသာဂုဏ်ယူသည့်စိတ်ဖြင့် သတိုးစိတ်တွေ တက်ကြွနေသည်။

သတိုးက မြဗိုက်ချပ်ချပ်လေးကို ကိုင်ရင်း

"ဒါဆို မြဗိုက်ထဲမှာ ကိုကိုတို့ကလေးလေး ရှိနေပြီပေါ့"

"အင်းပေါ့"

"ကိုယ်ဝမ်းသာလိုက်တာကွာ.....အမေရော....အမေကိုရော ပြောပြပြီးပြီလား"

"ဟင့်အင်း....မပြောရသေးဘူး"

"ဘာလို့လဲ မြကလေးရဲ့...အမေလည်း သိချင်နေမှာပေါ့"

"ရှက်လို့"

"ဘာရယ်"

"ရှက်တယ်လို့"

"မြကလေးကလည်းကွာ.....အိမ်ထောင်တစ်ခုရှိလာရင်ကလေးရတာ ဆန်းသလားကွာ....မရှက်ပါနဲ့"

"ဒါကိုကို သောင်းကျန်းလို့လေ...မြတို့ အိမ်ထောင်ကျတာ အခုမှ (၃)လဝန်းကျင်ပဲရှိသေးတာ...အခုကြည့်...ကိုယ်ဝန်ရနေပြီ"

"ကိုယ်သောင်းကျန်းလို့ မဟုတ်ပါဘူး...ကိုယ်စွမ်းလို့ပါ....ဟတ်....ဟတ်"

သတိုးအတွက် အခုမြကိုယ်ဝန်ဟာ သူ့အတွက် ဒုတိယကလေးဆိုပေမဲ့ သားဦးရသလို ပျော်မိသည်။

ချစ်ဆိပ်ရည်သင့်ကြသူများWo Geschichten leben. Entdecke jetzt