အပိုင်း(၂၃)

4.1K 11 0
                                    

ဒီနေ့ နရီ ကူးကူးသူငယ်ချင်း သိန်းထိုက်တို့အိမ်ကို မုန့်ဟင်းခါးသွားပို့ရန် ပြင်ဆင်နေသည်။

ကူးကူးနှင့် သိပ်တွဲသည့် ယောကျ်ားလေးသူငယ်ချင်းက သိန်းထိုက် သာရှိသည်။

ယောကျ်ားလေးပေမဲ့ ကိုယ့်ညီမနှင့် ချစ်ကြိုက်ပြီး ရည်းစားဖြစ်လိမ့်မည်ဟု ကြိုတင်တွေးပူနေစရာမလို။

ကူးကူးထက်တောင် သိန်းထိုက်က မိန်းမ ပိုဆန်နေသေးသည်။

အိမ်ကို တစ်ခါတစ်လေ ကူးကူးက အလည်ခေါ်လာသဖြင့် နရီ မျက်မှန်းတန်းမိနေလေပြီ။

သိန်းထိုက်အမေ ဒေါ်မူယာနှင့်လည်း နရီ (၃)၊(၄)လောက်ကြုံဖူးပြီးသားပင်။

နယ်ပြောင်းပြီး လာနေကြရသော နရီတို့ညီအစ်မအဖို့အတွက် သိန်းထိုက်တို့မိသားစုက မိတ်ကောင်းဆွေကောင်းတွေပင်။

သိန်းထိုက်အဖေ ဦးကိုကိုလွင်ကိုတော့ နရီ မတွေ့ဖူးပေ။

သင်္ဘောလိုက်နေမှန်းတော့ သိသည်။

ဒေါ်မူယာကိုသာ သေချာသိသည်။

လှပရဲတင်းခေတ်မှီသော အမျိုးသမီးတစ်ဦးပင်။

အခုလည်း နရီ ဒေါ်မူယာအိမ်ကို မုန့်ဟင်းခါးပို့ရန် လမ်းလျှောက်ထွက်လာခဲ့သည်။

မေမေဆုံးသွားသည်မှာ နှစ်ပတ်လည် မို့လို့ လူအယောက်(၂၀)စာလောက် မုန့်ဟင်းခါးချက်လိုက်သည်။

ကူးကူးပါ တစ်တပ်တအား အပါအဝင်။

ဘေးအိမ် (၂)အိမ်၊ (၃)အိမ်လောက်ကို ဝေပြီးပြီ။

နောက်ဆုံး သိန်းထိုက်တို့ အိမ်ဆီ နရီ ထွက်လာခဲ့လိုက်သည်။

(၅)လမ်းကျော်ကျော်လျှောက်လိုက်ပြီးလျှင် ရောက်ပြီ။

ခြံတံခါးအပေါက်ဝရောက်တော့ မဝင်ခင် အော်ခေါ်မြည်အပြု တံခါးက ဖွင့်လျက်သားကြီး ဖြစ်နေ၏။

အိမ်ရှေ့မှာလည်း မြင်နေကျ ကားတစ်စီးအပြင် ဆိုင်ကယ်ပါ ရှိနေသည်။

နရီ စိတ်ထဲတွေးလိုက်သည်က ဧည့်သည်ရောက်နေသည်နှင့်တူသည်။

ဒီတော့ ပေးစရာရှိတာ ပေးပြီး ထွက်လာလိုက်တော့မည်ဟု အစီအစဉ်ချလိုက်တာပင်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now