အပိုင်း(၄၄)

3.7K 16 3
                                    

သတိုးအရင် အိပ်ယာနိုးလာသည်။

ရောက်တာနဲ့ ခရီးပန်းပြီး အိပ်လိုက်တော့ တချိုးတည်း အိပ်ပျော်သွားလေသည်။

နိုးလာတော့ ညနေတောင်စောင်းနေရော့ပြီ။

အားအင်အပြည့် နိုးထလာလေသည်။

ဘေးမှာ မြ က ပုံ့ပုံ့ကျုံ့ကျုံ့လေး အိပ်ပျော်လျက်သား။

လွတ်နေသည့် စောင်လေးကို ရင်ဘတ်ထိ အသာဆွဲတင်ပေးကာ ကုတင်ပေါ်မှ အသာလေးထခဲ့လိုက်သည်။

အခုမှ သတိုး မိမိတို့ရောက်နေသည့် ဘန်ဂလိုဆန်ဆန် အိမ်သေးသေးလေးကို အကဲခတ်ကြည့်မိသည်။

အကုန်လုံးက သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း။

ကုတင်နဲ့ တည့်တည့်မှာ ပြတင်းပေါက်အကြီးအကြီးရှိတော့ အသာလေး လှပ်ကြည့်လိုက်တော့ စိမ်းစိုနေသည့် လောကတစ်ခွင်ကို တွေ့ရှိလိုက်ရသည်။

မကြာခင် နေဝင်တော့မည်ဆိုတော့ ညနေခင်းနေရောင်က ဒီ သတ္တလောကကြီး တစ်ခုလုံးအပေါ် ခြုံလွှမ်းထားသည်။

သတိုး အခုမှ မိမိဘဝအကြောင်းပြန်တွေးမိသည်။

မနှစ်ကပဲ ဇနီးမယားဆုံးပါးသွားသည်။

ဟော...

ဒီနှစ်ကျ ခယ်မနဲ့ လက်ထပ်ပြီး ပျော်နေရပြန်ပြီ။

ဘဝဆိုတာ ကိုယ်မှန်းသလိုဖြစ်မလာမှန်း အသက်ကြီးလာလေလေ ပိုသိလာရသည်။

ပေးခဲ့သမျှကို ကျေကျေနပ်နပ်လက်သင့်ခံကာ ဖြတ်သန်းရုံမျှသာရှိသည်။

"ဂွီ.....ဂွီ"

အတွေးတွေ လွန်နေရင်းမှ ဗိုက်ထဲက ဆန္ဒပြလာတော့ သတိုးနှင့် မြရော နေ့လည်စာလွတ်သွားမှန်း သတိထားမိသည်။

သတိုး ရေမိုးချိုးရန် ပြင်ဆင်လိုက်သည်။

ရေချိုးခန်း အနေအထားကို တချက်အကဲခတ်ကြည့်ပြန်တော့လည်း ရေချိုးခန်းက တော်တော်ကျယ်သည်။

ရေပန်းရော၊ Bath tube ပါ ပြင်ဆင်ပေးထားသည်။

အင်း။

နောက်နေ့လောက်မှပဲ Bath tube ထဲ ဝိုင်လေးသောက်လိုက်၊ ရေလေး စိမ်လိုက်နဲ့ ဇိမ်ခံရအုံးမည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now